iMyanmarHouse.com - Best Property Website for Myanmar
×


ျပည့္ျပည့္ဝန္းဝန္း ပံုက်တဲ ့တင္ပါးေလးကို ဘယ္သူက မလိုခ်င္ဘဲ ရွိမလဲေနာ္။ ခုေခတ္က ကိတ္မွ လွတဲ့ေခတ္မလား။ ဒီေတာ့ တင္ပါးကိတ္လာေအာင္လို႔ ေလ့က်င့္ခန္း ေတြ လုပ္ရတာ လူသာပင္ပန္းျပီး ခရီးသိပ္မေရာက္ဘဲ ျဖစ္ေနျပီလား။

တကယ္ေတာ့ လွပတဲ့ကိုယ္ခႏၶာတစ္ခုကို တည္ေဆာက္တဲ့ေနရာမွာ ေလ့က်င့္ခန္းအျပင္ အစားအေသာက္ပါ ကူမွရမွာပါ။ ဒီေတာ့ ဘယ္လို  အစားအေသာက္ေတြက တင္ပါးကို ၾကီးျပီး ကိတ္လာေစမွာလဲ ။ ။တင္ပါးအကိတ္တစ္လိုင္းထဲ ေရာက္ေစမယ့္ အစားအေသာက္ေတြ ။  ။

( ၁ ) ၾကက္ဥ

ကိုယ္လိုခ်င္တဲ့ တင္ပါးျပည့္ျပည့္ေလးကို ၾကြက္သားေတြနဲ႔ တည္ေဆာက္မွ ရေတာ့မွာဆိုေတာ့  ပရိုတင္းရွိဖို႕လိုတယ္ေလ။ ၾကက္ဥတို႕ ဘဲဥတို႕ကရတဲ့ ပရိုတင္းေလာက္ က်န္းမာေရးကို အေထာက္အကူျပဳတာ မရွိတဲ့အတြက္ ၾကက္ဥေတြ ဘဲဥေတြက တင္ပါးကို ၾကီးျပီးကိတ္ေစမယ့္ အစားအေသာက္ေတြရဲ႕ ထိပ္ဆံုးမွာ ရွိေနတာေပါ့့။

( ၂ ) ကန္စြန္းဥ

ဝိတ္ေလွ်ာ့တဲ့သူတုိင္းအတြက္၊ ၾကြက္သားတက္ေအာင္ တည္ေဆာက္ေနတဲ့သူတုိင္းအတြက္ ဒီ ကစီ ဓာတ္ၾကြယ္ဝတဲ့ ကန္စြန္းဥေလးက ေဆာင္ကိုေဆာင္ထားသင့္တဲ့ စားစရာတစ္ခုပါ။

( ၃ ) ေထာပတ္သီး

ေထာပတ္သီးမွာ ပါဝင္တဲ့ မျပည့္ဝဆီနဲ႔ အမွ်င္ဓာတ္ေတြ သင့္တင္ကို အလွဆံုးျဖစ္ေအာင္ ပံုေဖာ္ေပးႏုိင္မယ့္ အရာေတြပါ။ ေနာက္ျပီး ၾကြယ္ဝတဲ့ အမွ်င္ဓာတ္နဲ႔ ပိုတက္ဆီယမ္ဓာတ္ေတြက က်န္းမာေရးအတြက္ အမ်ားၾကီး အေထာက္အကူျပဳေပးတဲ့ အရာေတြပါ။

( ၄ ) ဒိန္ခ်ဥ္

ဒိန္ခ်ဥ္မွာပါဝင္တဲ့ ပရိုတင္းနဲ႔ အဆီဓာတ္ေတြေၾကာင့္ သင့္တင္ ကိတ္လာမွာ အေသအခ်ာမို႔ တင္ပါးၾကီးခ်င္သူတုိင္း ဒိန္ခ်ဥ္ကို စားေပးသင့္တယ္ေနာ္။

( ၅ ) အေစ့အဆံေတြ

ဗန္ဒါေစ့၊ ေနၾကာေစ့နဲ႔ သစ္ၾကားသီး ေစ့ေတြကို တစ္ေန႕ လက္တစ္ဆုပ္ေလာက္စားေပးရင္ သင့္တင္ကုိ ၾကီးလာေစမွာပါတဲ့။ ဘာ့ေၾကာင့္လဲဆုိေတာ့ အေစ့အဆံေတြမွာပါတဲ့ မျပည့္ဝဆီေတြနဲ႔ ပရိုတင္းဓာတ္ေတြက သင့္တင္ပါးက ၾကြက္သားေတြကို ၾကီးလာေစမွာေၾကာင့္ပါ။

( ၆ ) ငါး

ငါးမွာပါဝင္တဲ့ အဆီမပါတဲ့ ပရုိတင္းနဲ႔ အိုမီဂါ 3 တုိ႕က သင့္တင္ကို ၾကီးျပီးကိတ္လာေစမွာအေသအခ်ာပါ။ ငါးစားရင္ အသက္ပိုရွည္တယ္ဆုိတဲ့ စကားေလးကလည္း ရွိေသးတယ္မလား။ တင္ပါးအတြက္ဆိုရင္ ငါးထဲမွာ တူနာငါးကသာ အေကာင္းဆံုးပါ။

( ၇ ) ၾကက္သား

ၾကက္သားေလာက္ အဆီမပါတဲ့ ပရိုတင္းဓာတ္ၾကြယ္ဝတဲ့အသားမရွိပါဘူး။ ဒါ့ေၾကာင့္ တင္ပါးၾကီးခ်င္လို႕ ပရိုတင္းေတြ စားေပးေနရတဲ့သူေတြ အဖုိ႕ ၾကက္သားကသာ အစားေပးသင့္ဆံုး အသားတစ္ခုပါ။

( ၈ ) ပဲအမ်ိဳးမ်ိဳး

ပရုိတင္းဓာတ္လည္းၾကြယ္ဝ၊ ကယ္လိုရီလည္းနည္းျပီး အမွ်င္ဓာတ္ေတြ  အမ်ားၾကီးပါတဲ့ ပဲ အမ်ိုးမ်ိဳးဟာ သင့္တင္ပါးကို ၾကီးျပီး ကိတ္လာေစမယ့္ အစားအေသာက္ေတြထဲက တစ္ခုပါ ။ ။

Credit:hellosayarwon

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။
မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

# Unicode Version # ျဖင့္ ဖတ္ပါ #

ပြည့်ပြည့်ဝန်းဝန်း ပုံကျတဲ့တင်ပါးလေးကို ဘယ်သူက မလိုချင်ဘဲ ရှိမလဲနော်။ ခုခေတ်က ကိတ်မှ လှတဲ့ခေတ်မလား။ ဒီတော့ တင်ပါးကိတ်လာအောင်လို့ လေ့ကျင့်ခန်း တွေ လုပ်ရတာ လူသာပင်ပန်းပြီး ခရီးသိပ်မရောက်ဘဲ ဖြစ်နေပြီလား။

တကယ်တော့ လှပတဲ့ကိုယ်ခန္ဓာတစ်ခုကို တည်ဆောက်တဲ့နေရာမှာ လေ့ကျင့်ခန်းအပြင် အစားအသောက်ပါ ကူမှရမှာပါ။ ဒီတော့ ဘယ်လို  အစားအသောက်တွေက တင်ပါးကို ကြီးပြီး ကိတ်လာစေမှာလဲ ။ ။တင်ပါးအကိတ်တစ်လိုင်းထဲ ရောက်စေမယ့် အစားအသောက်တွေ ။  ။

( ၁ ) ကြက်ဥ

ကိုယ်လိုချင်တဲ့ တင်ပါးပြည့်ပြည့်လေးကို ကြွက်သားတွေနဲ့ တည်ဆောက်မှ ရတော့မှာဆိုတော့  ပရိုတင်းရှိဖို့လိုတယ်လေ။ ကြက်ဥတို့ ဘဲဥတို့ကရတဲ့ ပရိုတင်းလောက် ကျန်းမာရေးကို အထောက်အကူပြုတာ မရှိတဲ့အတွက် ကြက်ဥတွေ ဘဲဥတွေက တင်ပါးကို ကြီးပြီးကိတ်စေမယ့် အစားအသောက်တွေရဲ့ ထိပ်ဆုံးမှာ ရှိနေတာပေါ့။

( ၂ ) ကန်စွန်းဥ

ဝိတ်လျှော့တဲ့သူတိုင်းအတွက်၊ ကြွက်သားတက်အောင် တည်ဆောက်နေတဲ့သူတိုင်းအတွက် ဒီ ကစီ ဓာတ်ကြွယ်ဝတဲ့ ကန်စွန်းဥလေးက ဆောင်ကိုဆောင်ထားသင့်တဲ့ စားစရာတစ်ခုပါ။

( ၃ ) ထောပတ်သီး

ထောပတ်သီးမှာ ပါဝင်တဲ့ မပြည့်ဝဆီနဲ့ အမျှင်ဓာတ်တွေ သင့်တင်ကို အလှဆုံးဖြစ်အောင် ပုံဖော်ပေးနိုင်မယ့် အရာတွေပါ။ နောက်ပြီး ကြွယ်ဝတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်ဆီယမ်ဓာတ်တွေက ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုပေးတဲ့ အရာတွေပါ။

( ၄ ) ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီဓာတ်တွေကြောင့် သင့်တင် ကိတ်လာမှာ အသေအချာမို့ တင်ပါးကြီးချင်သူတိုင်း ဒိန်ချဉ်ကို စားပေးသင့်တယ်နော်။

( ၅ ) အစေ့အဆံတွေ

ဗန်ဒါစေ့၊ နေကြာစေ့နဲ့ သစ်ကြားသီး စေ့တွေကို တစ်နေ့ လက်တစ်ဆုပ်လောက်စားပေးရင် သင့်တင်ကို ကြီးလာစေမှာပါတဲ့။ ဘာ့ကြောင့်လဲဆိုတော့ အစေ့အဆံတွေမှာပါတဲ့ မပြည့်ဝဆီတွေနဲ့ ပရိုတင်းဓာတ်တွေက သင့်တင်ပါးက ကြွက်သားတွေကို ကြီးလာစေမှာကြောင့်ပါ။

( ၆ ) ငါး

ငါးမှာပါဝင်တဲ့ အဆီမပါတဲ့ ပရိုတင်းနဲ့ အိုမီဂါ 3 တို့က သင့်တင်ကို ကြီးပြီးကိတ်လာစေမှာအသေအချာပါ။ ငါးစားရင် အသက်ပိုရှည်တယ်ဆိုတဲ့ စကားလေးကလည်း ရှိသေးတယ်မလား။ တင်ပါးအတွက်ဆိုရင် ငါးထဲမှာ တူနာငါးကသာ အကောင်းဆုံးပါ။

( ၇ ) ကြက်သား

ကြက်သားလောက် အဆီမပါတဲ့ ပရိုတင်းဓာတ်ကြွယ်ဝတဲ့အသားမရှိပါဘူး။ ဒါ့ကြောင့် တင်ပါးကြီးချင်လို့ ပရိုတင်းတွေ စားပေးနေရတဲ့သူတွေ အဖို့ ကြက်သားကသာ အစားပေးသင့်ဆုံး အသားတစ်ခုပါ။

( ၈ ) ပဲအမျိုးမျိုး

ပရိုတင်းဓာတ်လည်းကြွယ်ဝ၊ ကယ်လိုရီလည်းနည်းပြီး အမျှင်ဓာတ်တွေ  အများကြီးပါတဲ့ ပဲ အမျိုးမျိုးဟာ သင့်တင်ပါးကို ကြီးပြီး ကိတ်လာစေမယ့် အစားအသောက်တွေထဲက တစ်ခုပါ ။ ။

Credit:hellosayarwon

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top