iMyanmarHouse.com - Best Property Website for Myanmar
×














' အနုပညာအလုပ် လုပ်ပြီဆိုကထည်းက သူများတွေ ပြောဆိုတာနှင့် ပတ်သက်ပြီး အရေထူရမယ်ဆိုတာ လုံးဝသိပြီးသားပါ။ ဒါကြောင့်လည်း တော်ရုံတန်ရုံ ပြောကြရေးကြတာတွေအကုန်လုံးကို ကိုယ်က တုံ့ပြန် 
လေ့မရှိပါဘူး။ တကယ်တန်း အဆင့်အတန်းရှိရှိ ဝေဖန်ကြတာမျိုးဆိုရင်တော့ ဗဟုသုအဖြစ်အောင် ဖတ်ဖြစ် တာရှိပေမယ့် အောင်တန်းကျကျ ထိုးနှက်တာမျိုးဆိုရင်တော့ အချိန်ကုန်ခံပြီးတော့တောင် ဖတ်မနေဖြစ် 
တော့ တာ ကြာလှပါပြီ။

 အခုပြောမှာက အဲဒီ အဆင့်အတန်းမရှိဘူးဆိုတဲ့အထဲမှာ ထိပ်ဆုံးကပါတဲ့ စာတစ်ပုဒ်ပါ။ သူရေးတဲ့အထဲ မှာပါတဲ့ အရေးအသားနှင့် အချက်အလက်တွေကတော့ ဘယ်သူဖတ်ဖတ် မဟုတ်တာ ရေးထားမှန်း သိသာ လွန်းလောက်အောင်ကို အဆင့်နိမ့်ကျလွန်းလို့ ပြန်ပြောမနေတော့ပါဘူး။


ကိုယ်ပြောချင်တာက အဲလောက်အဆင့်အတန်းမရှိတဲ့ စာမျိုးကို ဖော်ပြဖို့ကို သူ့ခင်မျာ တော်တော်ကို အပင်ပမ်းခံပြီး အကုသိုလ်ပွားထားတာကို အံ့သြမိလို့ပါ။ အဲလိုဖော်ပြဖို့ အချိန်တွေပေးသလိုများအကျိုး ရှိမယ့်   နေရာမှာ အသုံးချ လိုက်မယ်ဆိုရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့လဲ သူ့အတွက် 
နှမြောမိပါသေးတယ်။

 မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေက ခုရက်ပိုင်းအတွင်းမှာ ခွက်ထိုးခွက်လှန်ရယ်ပြီး ကိုယ်နှင့် ပတ်သက်တဲ့ ဟာသတစ်ပုဒ်ကို ဓာတ်ပုံတွေဘာတွေတောင် အတုလုပ်ပြီး လူတစ်ယောက်က တင်ထား တယ်ဆိုတာ လာပြောပြကြတယ်။

အဲဒီလူနာမည်က ဂိုရှယ်လေးတဲ့။ အဲဒါနှင့်ပဲ သူက ဘယ်လိုလူစားမျိုးမို့ ကိုယ့်ကအကြောင်းကို အဲလို အချိန်နှင့်စွမ်းအားတွေ ရက်ရက်ရောရော စိုက်ထုတ်ပြီး အောက်တန်းကျကျလုပ်နေရတာလဲလို့ နားလည်တဲ့လူတွေကို မေးကြည့်လိုက်တော့ တော်တော်လေး အံ့အားသင့်စရာတစ်ခုတွေ့လိုက်ရတယ်။

 အဲဒီဂိုရှယ်လေးဆိုတဲ့ လူရဲ့ ဓာတ်ပုံကို တိတိကျကျ လိုက်ခိုင်းလိုက်တော့ သူ့ရုပ်က သရဲသဘက်လို လဲမ ဟုတ်ဘူး။ သူလိုကိုယ်လို လူရုပ်ပါပဲ။ ပိုဆိုးတာက ကိုယ်တွေ့တဲ့ပုံမှာ သူ့ပုံဘေးဘက်ကြည့်လိုက်တော့ ဇနီးနှင့် ကလေးနှစ်ယောက်နှင့် သာယာတဲ့ မိသားစုလေးတည်ဆောက်ထားတဲ့ပုံဖြစ်နေပြန်တယ်။

အဲတော့ အခုစာရေးရတဲ့ ရည်ရွယ်ချက်က ပုံပမ်းသဏ္ဍန်ကလည်း အထူးတလည် ကောက်ကျစ်ယုတ်မာပြီ မကောင်းဆိုးဝါး ဘီလူးတစ်ကောင်လို မဟုတ်တဲ့လူတစ်ယောက်က အဲလောက် အဆင့်အတန်း မရှိဘဲ  
နောက် နောင်သူ့ရဲ့ မျိုးဆက်တွေဖတ်မိရင်တောင် အရှက်ရမယ့် အောင်တန်းစားစာမျိုးကို  ရေးမိတဲ့ အချိန်မှာ ဘေးမှာရှိနေတဲ့ ဇနီးနှင့် ကလေးလေးတွေရဲ့မျက်နှာကိုမှ ထောက်ထားမိရဲ့လားဆိုတာပါပဲ။

အခုလို ပိရိလှပါချည်ရဲ့ဆိုတဲ့ သူတွေကိုတောင် နည်းပညာနှင့် ဖော်ထုတ်နိုင်တဲ့ ခေတ်မျိုးမှာ ကိုယ့်လက်ရာ ဆိုတာများပေါ်သွားခဲ့ရင် အဲလိုအောင်တန်းစားစာမျိုးကိုတင်ခဲ့တဲ့ သူရဲ့ ဇနီးနှင့် ကလေးနှစ်ယောက်အဖြစ် မျက်နှာမဖော်ရဲလောက်အောင်ကို သိက္ခာကျမယ်ဆိုတာကို တွေးမိခဲ့ရဲ့လားလို့လည်း စိတ်ထဲမှာမေးမိတယ်။

 ကလေးကအစဖတ်မိရင် မဟုတ်မဟတ်တွေရေးထားမှန်းသိနိုင်တာမို့ အရေးခံရသူဖက်ကတော့ ဘာတစ် ခုမှ နစ်နာစရာမရှိပါဘူး။ အမေရိကန်နိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ရောင်းတဲ့ အပျင်းပြေ ဟာသစာ 
စောင်တွေမှာဆို ဒုသမ္မတ ဒစ်ချိန်နီ (Dick Cheany) က အင်္ဂါဂြိုဟ်သားကြီးဖြစ်တယ်၊ အဆိုတော် လေဒီ ဂါဂါ (LADY Gaga) က ညဖက်ဆိုရင် သွေးစုပ်ဖုတ်ကောင်ဖြစ်သွားတယ် စသည်ဖြင့် photoshop ဓာတ်ပုံတွေနှင့် လုပ်ဇတ်တွေရေးကြတာ အားလုံးအသိပါ။

အတိုင်းတာတစ်ခုထိ လူစိတ်ဝင်စားတဲ့သူမှန်ရင် အဲလိုရေးခံရတာမို့ ဘာမှ မထိခိုက်ပါဘူး။ ဒါပေမယ့် အခုဖော်ပြလိုက်တဲ့ ဓာတ်ပုံထဲက အမျိုးသမီးနှင့် ကလေးတွေကိုတော့ ကိုယ်ကသနားမိတယ်။

အဲလိုအောင်တန်းစားစာမျိုးရေးတတ်တဲ့ လင်သားနှင့် ဖခင်ရထားလို့။ သြော်ဒါနှင့် နောက်ဆုံးတစ်ခုပြော ရဦးမယ်။ အဲလိုနောက်ကို အောက်တန်းစားစာမျိုးရေးမယ်ဆိုရင် ဒီထက်ပိုရသမြောက်တဲ့ စာအရေး အသားမျိုးရေးတတ်အောင် လေ့ကျင့်ထားလိုက်ပါဦးလို့။ နောက်ပြီး ဓာတ်ပုံအတု အင်ထုတာကြီးကလည်း ဒီထက် ယုတ္တိ ရှိရှိ အသုံးကျတဲ့ အဆင့်ပုံမျိုးဖြစ်အောင် ကြိုးစားလိုက်ပါဦးလို့။"

သန္တာလိုင်ရဲ့ ကိုယ်ပိုင် ဖေ့စ်ဘုတ် စာမျက်နှာက မူရင်းအတိုင်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

Credit : Thandar Hlaing (FB)
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top