iMyanmarHouse.com - Best Property Website for Myanmar
×












ဂျင်းဘောင်းဘီနဲ့ အင်္ကျီတွေဟာ ဘယ်အချိန် ရာသီမဆို ဝတ်ဆင်လို့ အကောင်းဆုံးဖြစ်ပြီး ရိုးအီမသွားတဲ့ ဖက်ရှင်လည်း ဖြစ်တာကြောင့် လူတိုင်းဆောင်ထားသင့်တဲ့ ဝတ်စုံမျိုးပဲ ဖြစ်ပါတယ်။ ဂျင်းဝတ်စုံတွေကို ဝယ်ချိန်မှာ မှားယွင်းမှုမရှိဘဲ သင့်အတွက်လည်း အသုံးကျစွာ ဝတ်ဆင်နိုင်စေဖို့နဲ့ ဝယ်ပြီးမှ ဝတ်ဆင်လို့အဆင်မပြေတာမျိုး မကြုံရစေဖို့ အကြံပြုလိုက်ပါတယ်။

၁။ အလျင်မလိုပါနှင့်
ဂျင်းဝတ်စုံတွေဝယ်ရာမှာ အနည်းဆုံး ခြောက်စုံလောက်စမ်းဝတ်ကြည့် ပြီး အချိန်ကို ၄၅ မိနစ်လောက်တော့ယူ သင့်ပါတယ်။ ခါနဲ့ ဒူးနေရာမှာ ကွတ်တိ ဖြစ်နေတာမျိုးဖြစ်ဖို့လိုပါတယ်။

၂။ သင်စီးမယ့်ဖိနပ်ပုံစံ
သင်ဝယ်တဲ့ဂျင်းဘောင်းဘီနဲ့ သင်ကဘယ်လိုဖိနပ်မျိုးကိုစီးမလဲဆိုတာ လည်းလိုပါသေးတယ်။ ဖိနပ်ကအမြင့်ဆို ရင် ပုံမှန်ထက် တစ်လက်မလောက်ပိုပြီး ရှည်တာမျိုးကို ဝယ်သင့်ပါတယ်။

၃။ မှန်ရှေ့မှာ မတ်တတ်ရပ်ပါ
မှန်ရှေ့မှာ မတ်တတ်ရပ်ပြီး သင်နဲ့ အဆင်ပြေမပြေ သေချာကြည့်ပါ။ ဘောင်းဘီ ဝတ်ပြီးချိန် ထိုင်၊ ထ ပြုလုပ်ကြည့်ပါ။ သင့်အတွက် သက်သောင့်သက်သာမဖြစ်ဘဲ ကျပ်လွန်းနေရင် မဝယ်ပါနဲ့။

၎။ အိတ်ပါတာမျိုးကို ရွေးပါ
ဂျင်းသားတွေကို အိတ်မပါတဲ့ အပျော့သားတွေ ရွေးမယ်ဆိုရင် ကွေး လိုက်၊ ဆန့်လိုက်ပြု လုပ်တာကြာလာတဲ့ အခါမျိုးမှာ စုတ်ပြဲ လွယ်တတ်တာကြောင့်ပါ။

၅။ ရေကူးရာမှာ မသုံးပါနှင့်
ဂျင်းသားဝတ်စုံတွေကို ရေကူးဝတ်စုံဖြစ်စေ၊ ရေကူးပြီးချိန် ထပ်ဝတ်တဲ့ ဝတ်စုံအဖြစ်ဖြစ်စေ အသုံးမပြုသင့်ပါဘူး။ ဖက်ရှင်မကျစေတဲ့အပြင် ရယ်စရာ ဖြစ်နေပါလိမ့်မယ်။ ဂျင်းဝတ်ပြီး ရေကူးတာ မျိုးကလည်း သင့်ကိုပိုပြီး ပင်ပန်းစေပါတယ်။ ရေစိုရင် ဂျင်းက လေးလံစေတာကြောင့်ပါ။

၆။ ချည်သားကိုသာရွေးပါ
ချည်သားကို အခြေခံပြီးပြု လုပ်ထားတဲ့ ဂျင်းသား ကိုသာရွေးချယ်ပါ။ လျှော်ဖွပ်ရ လွယ်ကူပြီး၊ ဝတ်ဆင်ချိန်မှာ လည်း သက်သောင့်သက်သာဖြစ်စေတာ ကြောင့်ပါ။

၇။ အရောင်ရင့်ကိုရွေးချယ်ပါ
ဂျင်းသားအရောင်ရင့်တွေက သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိစေတာကြောင့်ပါ။ အနက် ရောင်၊ နက်ပြာရောင်၊ စိမ်းပြာ ရောင်တွေက သင့်ကိုပိုပြီး ဆွဲဆောင်မှုရှိ စေကာ ပိန်သွယ်တယ်လို့ ထင်ရစေပါ တယ်။ သင်က ပိန်သွယ်သူဆိုရင်တော့ မိုးပြာရောင်နဲ့ အဖြူရောင်မျိုးတွေကို ရွေးဝယ်ပါ။

Credit : Yo Yar Lay

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top