iMyanmarHouse.com - Best Property Website for Myanmar
×

မင်းအတွက် သူမက အရာရာမှာပြည့်စုံနေတယ်ဆိုပါတော့။ အင်မတန်မှ ချစ်စရာကောင်းတဲ့ မျက်နှင်အသွင်အပြင်၊ အပြစ်ပြောစရာ တစ်စုံတစ်ခုမှ မရှိတဲ့ ကိုယ်လုံးကိုယ်ပေါက်၊ ထက်မြတ်တဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေနဲ့ ပြီးပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်။ လိုရင်းပြောရမယ်ဆိုရင် မင်းစိတ်ကူးထဲက မိန်းကလေးအတိုင်းပေါ့။ ဆိုတော့ မင်းသူကို ဒီတိုင်းသာကြည့်နေမှာလား။ မဟုတ်သေးဘူး မဟုတ်လား။ မင်းအခွင့်အရေးကိုတော့ မင်းယူရလိမ့်မယ်။ သူမရဲ့ စိတ်ဝင်စားမှု ရအောင်ကြိုးစားပါ။

(၁) အသိသာကြီးဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ မင်းမျက်လုံးနဲ့ စိုက်ကြည့်မနေဘူးဆိုရင် တစ်စုံတစ်ယောက်နဲ့ ခိုင်မြဲတဲ့ ဆက်ဆံမှုကို ရနိုင်မှာမဟုတ်ပါဘူး။သူမရဲ့ အကြည့်ကို ရင်ဆိုင်ဖို့ အကောင်းဆုံးကြိုးစားပြီး အဲဒီအတိုင်းဆက်နေပါ။ ဒါပေမဲ့ ကောက်ကျစ်မယ့် လူတစ်ယောက်လို မျက်စိမခွာပဲ မကြည့်ပါနဲ့။ တခြားနေရာကိုလည်း မကြာမကြာတော့ ပြောင်းကြည့်ပါ။

(၂) ရယ်စရာဟာသက မိန်းကလေးအများစုရဲ့စိတ်ကို ဆွဲဆောင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့  ကြမ်းကြမ်းတမ်းတမ်း နောက်ပြောင်လိုက်ရင် သူမတွန့်သွားပါလိမ့်မယ်။ ကျယ်ကျယ်လောင်လောင် ရယ်မောခြင်းဟာလည်း လုံးဝမလုပ်သင့်တဲ့ အချက်တစ်ခုပါ။ ပွင့်လင်းမှုရှိ၊ သဘာဝလည်းကျပြီး နားလည်လွယ်တဲ့ ဟာသတွေက သူမရဲ့စိတ်ဝင်စားမှုကို ရယူပါလိမ့်မယ်။ ဒါဟာ မိန်းကလေးအများစုကို ဆွဲဆောင်နိုင်တဲ့ လျို့ဝှက်ချက်တစ်ခုပေါ့။

(၃) မင်းရဲ့ကိုယ်ဟန်အမူအရာလည်း အလွန်အရေးပါတယ်။ ပခုံးကို ကုန်းကိုင်းပြီး ပျင်းရိတဲ့ပုံစံကြီးနဲ့ သူဘေးနားမှာ သွားရပ်မနေပါနဲ့။ အဲဒီအချက်က ပျင်းရိငြီးငွေ့စရာ၊ ကိုယ်ကိုကိုယ် ယုံကြည်မှုမရိုတဲ့ လက္ခာဏာကို ပြပါတယ်။ သက်တောင့်သက်သာ သာနေပြီး ကိုယ်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ပုံဖြစ်အောင်နေပါ။ ပြုံးပြုံးလေးသာနေပါ။

(၄) ကိုယ့်အကြောင်းကိုပဲပြောဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းတဲ့ လူတစ်ယောက်လို မနေထိုင်ပါနဲ့။ တခြားသူတွေအတွက် ပြောဆိုဖို့အချိန်ပေးပါ။ အဲဒီအချက်က တခြားသူတွေကို ကူညီပေးချင်တဲ့ မင်းရဲ့စိတ်ဆန္ဒကို ပြသရာ ရောက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်အနေနဲ့ စိတ်ဝင်စားမှုရှိတယ်ဆိုရင် သူမလည်း ပြောဆိုချင်မှာပဲ။ သူရဲ့ခံစားချက်ကို မင်းဆီဖွင့်ပြောနိုင်မယ့် အခွင့်ပေးထားပါ။

(၅) လျို့ဝှက်တဲ့ အမူအရာတစ်ခုခုကို လုပ်ပြလိုက်ပြီး ခဏတဖြုတ် စနောက်ခဲ့ပြီးလို့ အချင်းချင်းအကြောင်းအရာကိစ္စရပ်တွေ ဖလှယ်ပြောဆိုလို့ပြီးသွားပြီဆိုတာနဲ့ ချက်ချင်းထွက်သွားလိုက်ပါ။ မင်းကို သတိရ လွမ်းဆွတ်မယ့် အချိန်ပေးထားပါ။ နောက်ဘယ်လိုဖြစ်သွားမှာလဲ ကြိုတင်မျှော်လင့်နေရတာလည်း စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top