iMyanmarHouse.com - Best Property Website for Myanmar
×

(၁)အက်စ်ပရင်ဆေးပြား
နာနေသောကြွက်နို့အတွက် အကောင်းဆုံးနည်းဖြစ်သည်။ အက်စ်ပရင်(၂)ပြားကို ရေ (၃)စက် နှင့်ရောပါ။ ကြွက်နို့ပေါ်သို့ အုံ၍ ပလာစတာနှင့်ကပ်ပြီး တစ်ညသိပ်ထားလျှင် ပို၍ကောင်းသည်။ ဤသို့ ထပ်ကာထပ်ကာပြုလုပ်ပေးခြင်းဖြင့်  ကြွက်နို့ကို ပယ်ရှားနိုင်ပြီး အနာကျက်စေမည်။

(၂)ရှောက်၊ သံပရာရည်
လတ်လတ်ဆတ်ဆတ် ရှောက်၊ သံပရာရည်ဖြစ်ရမည်။ ကြွက်နို့တွင် လိမ်း၍ ဂွမ်းနှင့်အုပ်ပြီး ပလပ်စတာ ကပ်ထားပါ။ ဤသို့ မကြာခဏပြုလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ်တွင် သက်သာပျောက် ကင်းလာပါမည်။

(၃)နာနတ်သီး
ကြွက်နို့နှင့်အရွယ်တူ နာနတ်သီးကို တစ်ညသိပ်အုံပေးပါက တစ်ပတ်ကြာလျှင် သက်သာလာသည်ကို တွေ့ရမည်။

(၄)သင်္ဘောသီး
လတ်လတ်ဆတ်သင်္ဘောသီး၊ သင်္ဘောရည်ကို လိမ်းပေးပါ။ တစ်ည သိပ်မှန်မှန်လိမ်းပေးပါက ကြွက်နို့ ကွာကျသွားပါလိမ့်မည်။

(၅)ဗနီကာထဲတွင် ဂွမ်းကိုစိမ်၍ နာနေသောကြွက်နို့ပေါ်သို့ အနည်းငယ်ဖိပေးပါ။ ဖြစ်နိုင်လျှင် (၂၄)နာရီ ထားပါ။ ကြွက်နို့အမြစ်ပါ ပါပြီး သက်သာသွားနိုင်သည်။

Credit:  Health Updates Journal

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top