iMyanmarHouse.com - Best Property Website for Myanmar
×










လတ်တလောမှာ ဖြစ်ပျက်နေတဲ့ Shake ဂျာနယ်မှာ သူနဲ့ ခန့်စည်သူကို ထိပ်တိုက်ဖြစ်သွားအောင် စတိုရီနှစ်ပုဒ်ကို ထည့်ထားတာနဲ့ ပတ်သတ်ပြီး အန်ကယ်လေးနဲ့ တွေ့ဆုံခိုက် မေးမြန်းပြောဆိုဖြစ်သမျှကတော့ “အဲ့ဒီကိစ္စလေးကို ကိုယ်ရှင်းပြချင်တာက ကိုယ့်ကို မေးတဲ့မေးခွန်းသည် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ပြောချင်းမဟုတ်၊ ဒါပေမဲ့ တစ်ဖက်လူကို မေးထားတဲ့ အဖြေနဲ့ကိုယ်ဖြေထားတဲ့အဖြေနဲ့ သွားတိုက်ကြည့်လိုက်တဲ့ အခါမှာ အဲ့ဒီလူနဲ့ကိုယ်နဲ့ကို ထိပ်တိုက်ကြီး ဖြစ်သလိုဖြစ်သွားတယ်။ ဖြစ်အောင်လုပ်လိုက်တာလို့လဲ ကိုယ်ခံစားရတယ်။ တခြားသူမဟုတ်ပါဘူး။ ထိပ်တိုက်တွေ့တာကတော့ ကိုခန့်ပါ။ ကိုယ်နဲ့လဲ အရမ်းရင်းနှီးတယ်။  ကိုယ်တို့ကြားမှာလဲ ဘာရှော့မှမရှိဘူး။ မသူဖြေတာလဲ ရိုးရိုးသားသား ဖြေတယ်ဆိုတာ ကိုယ်သိတယ်။ ကိုယ်တို့အစည်းအရုံးမှာတင် ဖြေပြီးပြီးချင်းကို ကိုယ်နဲ့တွေ့တယ်။ အစည်းအရုံးမှာတင် သူတောင်ပြောသေးတယ်။ အဲ့လိုဖြေခဲ့လိုက်တယ်ပေါ့နော်။ ကိုယ်က ဘာမှမဖြစ်ဘူး။ ကိုယ်လဲကိုယ့်ဟာကို ဖြေလိုက်တာပဲ။ သူ့ကိုရည်ရွယ်တာမဟုတ်ဘူး။ ဒါပေမဲ့ အဲ့ဒီလိုပေါ့နော်။ ကိုယ့်အဖြေအင်တာဗျူးကိုတော့ ကိုယ်မဖတ်ရသေးဘူး။ ကိုယ့်သူငယ်ချင်းကြား လူတစ်ယောက်က တွေ့လို့ပြောတာ့ပေါ့နော်။ အဲ့ဒါနဲ့သူ့ကိုတောင် ရှင်းပြလိုက်ရသေးတယ်။ အမှန်တိုင်းပြောရရင် အဲ့ဒါမျိုးဆိုရင် ကိုယ်မကြိုက်ဘူး”လို့ပြောပါတယ်။

ခုလက်ရှိရိုက်နေတဲ့ကားလေးနဲ့ပတ်သတ်ပြီးတော့လဲ သူက “ခုကားလေးက ဦးရဲ့ဆူးတဲ့။ ဒီကားထဲမှာ ယုသန္တာတင်က မော်ဒယ်လ်လုပ်တယ်။ ပိုက်ဆံမရှိဘူး။ အန်ကယ်လေး အသက်ကို ကယ်လိုက်တဲ့အတွက် သူ့ကို နောက်ကနေ မြေတောင်မြှောက်ပေးတဲ့ ဦးနဲ့ ဆူး ဇာတ်လေးပါ”တဲ့။

လက်ရှိ ရုပ်ရှင်အစည်းအရုံးဥက္ကဌ တာဝန်နဲ့ပတ်သတ်ပြီးတော့လဲ “နောက်ပိုင်းမှာ ကိုယ်အရွေးမခံရဘူးဆိုတာလဲ ကိုယ်ပြောထားပြီးပါပြီ။ ဒါပေမဲ့လဲ ခုချိန်မှာ ရွေးကောက်ပွဲက ကျင်းပနိုင်တဲ့ အနေအထားမရှိသေးဘူး။ ကော်မရှင်တွေ ဒီနေ့အဆင်သင့်ဖြစ်ရင် ကိုယ်က ဒီနေ့ချက်ချင်း လုပ်ပေးလိုက်ရုံပဲ။ ရွေးကောက်ပွဲကော်မရှင်က လဲကျင်းပနိုင်တဲ့ အခြေအနေမရှိသေးဘူး။ ပြီးတော့ရှေ့လျှောက်ကလဲ ကိုယ်တို့အစည်းအရုံးမှာ တာဝန်ကြီးတွေကလဲ အများကြီးပဲ။ တကယ့်ကို လောကရဲ့အနာဂတ်တွက် အရေးကြီးတဲ့အရာတွေကို တစ်ခုပြီးတစ်ခု လုပ်ရတော့မယ်။ အစည်းအရုံးမှာကလဲ အမှုဆောင်အင်အားတွေအနေနဲ့က အင်ပြည့်အားပြည့် ၀ိုင်းဝန်းနိုင်တဲ့ အခြေအနေမရှိဘူး။ နာယကကြီးတွေရော၊ အမှုဆောင်တချို့ရော ဂျင်လည်ရိုက်နေတဲ့ အခြေအနေမျိုးပါတဲ့။ နောက်ထပ်ရွေးမဲ့ ဥက္ကဌမှာ ရှိသင့်တဲ့အရည်အချင်းများနဲ့ပတ်သတ်ပြီးတော့လဲ ဒီခေတ်ကတော့ ဘယ်သူတက်တက် ဝေဖန်မှုကရှိမှာပါပဲ။ ကိုယ့်လောကကောင်းကျိုးကို တကယ်လက်တွေ့ကျကျ လုပ်နိုင်တဲ့သူပေါ့။ အမျှော်အမြင်ရှိဖို့လိုတယ်။ လုပ်ရည်ကိုင်ရည် ရှိဖို့လည်းလိုတယ်။” လို့ သူက ပြောပြခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top