iMyanmarHouse.com - Best Property Website for Myanmar
×










ကိုရီးယားလူငယ်ဂီတအဖွဲ့2PMသည် ၎င်းတို့ နောက်ဆုံးထုတ်ခဲ့သည့် သီချင်းခွေတွင် လေးနက်သောစိတ်ကူးများတင်ပြခဲ့သော်လည်း ယခုထပ်မံထွက် ရှိမည့် စတုတ္ထမြောက်အယ်လ်ဘမ်၌ မြူးကြွမြန်ဆန်သောတေး သီချင်းများကိုစီစဉ်ထားသည်။

'Go Crazy' ဟုအမည်ပေးထားသော သီချင်းခွေကို စက်တင်ဘာ ၁၅ရက်တွင် စတင်ဖြန့်ချိ မည်ဖြစ်သည်။ ထို့အပြင် 2 PMအဖွဲ့သည် လာမည့်လတွင်လည်း ကမ္ဘာပတ်ဖျော်ဖြေပွဲအတွက် ပြင်ဆင်နေသည်။ ယင်းအတွက်ပိုစတာများနှင့် အခြားအကြောင်းအရာများကို JYP အန်တာတိန်းမန့်ဝက်ဘ်ဆိုက်တွင် တရားဝင် ထုတ်ပြန်ထား သည်။ 2PM အဖွဲ့၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲအစီအစဉ်တွင် ထိုင်း၊ တရုတ်နှင့် အမေရိကန်နိုင်ငံတို့၌ ဖျော်ဖြေမှုများပါဝင်သည်။ ယင်းဖျော်ဖြေပွဲကို အောက်တိုဘာ ၃ရက်တွင် ဆိုးလ်မြို့တောင်ပိုင်း Jamsil Sports Complex မှ စတင်မည်ဖြစ်သည်။ 

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top