အာဘွားဗီစီဒီအတွက် အချိန်ပေးရင်း ရိုက်ကူးမှုတွေ ပြုလုပ်နေတဲ့
ဝိုင်းစုခိုင်သိန်း ဟာ အတွဲခွေတစ်ခွေအတွက်လည်း ဒီလထဲမှာအသံသွင်းရှိတယ်လို့
သိရပါတယ်။ ဒါ့အပြင် နိုင်ငံခြားခရီးစဉ်တွေ အနေနဲ့တော့ အမေရိကားကို
သွားဖို့ရှိတဲ့အပြင် နောက်နှစ်ဆန်းပိုင်းမှာ ဂျပန်သွားဖို့ရှိပါသတဲ့။
အိမ်ထောင်ကျပြီး
ပြောင်းလဲမှုအနေနဲ့ ဘာမှမရှိပါဘူးလို့ ဆိုလာတဲ့ သူမက “အိမ်ထောင်ကျပြီး
ထူးထူးခြားခြား ပြောင်းလဲတာမျိုး ဘာမှမရှိသေးဘူး။ အရင်ကတည်းကလဲ ကိုဥက္ကာနဲ့က
သူ့အလုပ်လဲ တိုင်ပင် ကိုယ့်အလုပ်လဲ တိုင်ပင်ဆိုတော့ ဒီလိုမျိုး
တိုင်တိုင်ပင်ပင်နဲ့ပဲ သွားတာ များပါတယ်။ အိမ်ထောင်ကျသွားပြီဆိုပြီး
အိမ်ထောင်ရှင်မကြီးလိုလဲ နေစရာမလိုဘူးလေ။ သူကလဲ အဲ့လိုမနေခိုင်းဘူးဆိုတော့
ဝိုင်းစုလဲ ကိုယ့်အလုပ် ကိုယ်လုပ်တယ်။ သူလဲ သူ့အလုပ်သူ လုပ်တယ်။ ဒါပါပဲ။
ဝိုင်းစုတို့အနေနဲ့ အဓိကကတော့ နားလည်မှုပြန်ယူရတာပေါ့နော်။ တခါတလေ စကားများ
ရန်ဖြစ်တာကတော့ ရှိတာပေါ့။ ရှိတယ်ဆိုပေမဲ့ အသေးအဖွဲ့ပေါ့။ လင်ရယ်
မယားရယ်ဖြစ်လာမှတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးရမှာပေါ့နော်။ သူဖက်ကလဲ
နားလည်ပေး၊ ကိုယ့်ဖက်ကလဲ နားလည်ပေးပေါ့။ သူ့ကိုတစ်ခုခုဆို တိုင်ပင်တယ်။
သူ့အလုပ်ဆိုလဲ ၀ိုင်းစုနဲ့တိုင်ပင်တယ်။ တစ်ယောက်နဲ့တစ်ယောက်တိုင်ပင်တယ်။
ဖေးမတယ်။ ဒီလောက်ပါပဲ။ ၀ိုင်းစုလိုချင်တဲ့ ဘ၀ဖြတ်သန်းမှုကတော့
ဝိုင်းစုချစ်တဲ့ အနုပညာအလုပ်တွေကိုလဲ လုပ်မယ်။ ကိုယ့်မိသားစုနဲ့လဲ
သာသာယာယာလေးနေမယ်။ ကိုယ့်ကို ပရိသတ်အားပေးသရွေ့ဆက်လုပ်သွားမယ်။
နောက်ပိုင်းကျမှ ကလေးယူတာ ဘာညာကတော့ ဆက်လုပ်ရမှာပေါ့။” လို့ ပြောပါတယ်။
သားသမီးယူဖို့နဲ့ပတ်သတ်ပြီးတော့လဲ
နောက်တစ်နှစ်ခွဲ နှစ်နှစ်လောက်တော့လိုဦးမယ်လို့ ဆိုတဲ့ သူမက
“ဘာလို့လဲဆိုတော့ အာဘွားအခွေ ဗီစီဒီထွက်ရင် ပရိုမိုးရှင်းတွေ ထွက်ရမယ်။
နောက် ၀ိုင်းစု ရန်ကုန်နဲ့မန္တလေးမှာ One Lady Show လုပ်မယ်။
တစ်လပိုင်းနဲ့နှစ်လပိုင်းမှာ လုပ်ဖို့အတွက် ပြင်ဆင်စရာတွေ ရှိသေးတော့
အဲ့ဒါတွေအားလုံးပြီးသွားတော့မှပဲ ကလေးယူဖို့စဉ်းစားထားပါတယ်”တဲ့။
Credit: Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...