iMyanmarHouse.com - Best Property Website for Myanmar
×














သွေးတိုးရောဂါ သွေးတိုးရောဂါဆိုတာ အသက်အရွယ်မရွေး အပေါ်သွေး ၁၄ဝ နဲ့အထက်၊ အောက်သွေး ၉ဝ နဲ့အထက် မြင့်တက်နေခြင်းကို သွေးတိုးတယ်လို့ ခေါ်ပါတယ်။

သွေးတိုးသူအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ သွေးတိုးလာကြခြင်း ဖြစ်တယ်။ ကျန် ၅ ရာခိုင်နှုန်းကသာ ရောဂါအခံကြောင့် ဖြစ်ရတယ်။

ရောဂါများ မွေးရာပါကျောက်ကပ်ရောဂါ၊ ဆီးလမ်းကြောင်း တစ်လျှောက် ကျောက်တည်၍ ဆီးလမ်းကြောင်း ပိတ်ဆို့ရောဂါ၊ နာတာရှည် ကျောက်ကပ်ရောင်ရော ဂါ၊ ရေရှည်စွဲသောက် နေ တဲ့ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ စတီးရွိုက်ဆေးများ၊ အကိုက်အခဲ ပျောက်ဆေး၊ ကိုယ်ဝန်တားဆေး၊ နွယ်ချိုပါသော အစာအိမ်ဆေး၊ စိတ်ကြွဆေးနဲ့ အားဆေးများကြောင့် ဖြစ် တယ်။ ဟော်မုန်းအထွက်များတဲ့ အင်ဒိုခရိုင်းများ၊ လည်ပင်းဟော်မုန်းများ စေတဲ့ လည်ပင်းကြီးရောဂါ၊ သွေးကြောမကြီး ကျဉ်းသော ရောဂါများကြောင့် သွေးတိုးခြင်းတို့ ဖြစ်တတ်ကြသည်။

နာတာရှည် သွေးတိုးရောဂါ နာတာရှည်သွေးတိုး ရောဂါမှာ ဦးနှောက်၊ မျက်စိ၊ နှလုံး၊ ကျောက်ကပ်၊ ခြေထောက်သွေးကြောတို့ကို အဓိကထိခိုက် စေနိုင် တယ်။ လေဖြတ်ခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ သူငယ်ပြန်ခြင်း၊ မှတ်ဥာဏ်ချို့တဲ့ခြင်း၊ မျက်စိအမြင် ထိခိုက်ခြင်း၊ ဘယ်ဘက်နှလုံးအိမ် ကြီးခြင်း၊ နှလုံးသွေးကြော ကျဉ်းခြင်း၊ သွေးကြောပိတ်ခြင်း၊ နှ လုံးကြောင့် ဖောရောင်ခြင်း၊ ကျောက် ကပ်ပျက်စီးခြင်း၊ ခြေထောက် သွေးကြောကျဉ်းခြင်းတို့ ဖြစ်တယ်။ သွေးပေါင်ချိန် သွေးတိုးမတိုးကို
 သွေးပေါင်ချိန် တိုင်းပြီး သတ်မှတ်ခြင်းဖြစ်တယ်။ သွေးပေါင်ချိန်ကို တိကျစွာတိုင်းဖို့လိုတယ်။ ကျန်းမာရေး ဝန်ထမ်းများကို အားကိုးရမယ်။ ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်များ သုံးနိုင်တယ်။ သွေးပေါင်အတက်အကျကို စက်မှာမှတ်တမ်း တင်ထားပြီး အိမ်မှာပုံမှန် ပြုစုထားသင့်တယ်။ လူနာများ ဆေးခန်းသွားပြီး သွေးပေါင်ချိန်တဲ့အခါ မလိုအပ်ဘဲ အားဆေးထိုးခြင်း ရှောင်ရမယ်။

ကုသခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှု ပုံစံဖြင့် ပြုပြင်နေထိုင်ခြင်း၊ သွေးပေါင်ကျဆေး သောက်ခြင်း၊ ရှိသင့်သည့် ကိုယ်အလေးချိန် ဘီအမ်အိုင်ထိန်းခြင်း၊ ဘီအမ်အိုင်ဆိုတာ ကိုယ်အလေးချိန် (ကီလိုဂရမ်)ကို အရပ်အမြင့်(မီတာ) နှစ်ထပ်ကိန်းနဲ့ စား၍ရတဲ့ ကိန်းဖြစ်ပြီး ပုံမှန် ၁၈ ဒသမ ၉ - ၂၄ - ၉ရှိတယ်။ အငန်လျှော့စားပြီး နေ့စဉ်ဆားသုံးစွဲမှု ခြောက်ဂရမ်ထက် မပိုအောင်ထိန်းရမယ်။ ဆိုဒီယမ် ၂ ဒသမ ၄ ဂရမ်နဲ့ ညီရမယ်။ ငါးပိ၊ ငံပြာရည်၊ ငါးခြောက်၊အချိုမှုန့်၊ သနပ်မျိုးစုံရှောင်ရမယ်။ နေ့စဉ်နာရီဝက် လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး) လုပ်သင့်တယ်။

အရက်ကို ဆင်ခြင်သောက်ရ မယ်။ ဆေးလိပ်ဖြတ် ရမယ်။ သွေးတိုးလူနာအတွက် ဆရာဝန်က လိုအပ်ချက်အရ အသင့်တော်ဆုံး သွေးပေါင်ကျဆေး ရွေးပေးတယ်။ ဆီးချိုရှိလျှင် ဆီးချိုဆေးပါ တွဲပေးတယ်။ အဆီများရင် အဆီချဆေးပါ တွဲပေးတယ်။ သွေးတိုးရောဂါ ကာကွယ်ဆေးကို ရာသက်ပန် မှီဝဲရမယ်။ မူလသွေးပေါင်ချိန် ရောက်အောင် ချပြီး သွေးပေါင်ချိန်ထိန်းရမယ်။ တစ်နှစ်မှာ တစ်ကြိမ် ကျန်းမာရေး ဆေးစစ်သင့်တယ်။

ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ် တွေ့သင့်တယ်။ သာမန်သွေးတိုးဟာ ဆေးထိုး ဖို့မလိုဘူး။ သွေးပေါင်ကို စနစ်တကျ တိုင်းတာရမယ်။ ဆေးခန်းသွားပြီး သွေးပေါင်ချိန်သင့်တယ်။ သွေးတိုးရောဂါဟာ ၂၄ နာရီအတွင်း အတက်အကျ ရှိတယ်။ သွေးတိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံးတွေ့ပါ။ တစ်မိနစ်ကုသဖို့ နောက်ကျရင် ၈ နာရီပြန်ကောင်းဖို့ ကြာတတ်တယ်။

Credit : Myawady

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top