iMyanmarHouse.com - Best Property Website for Myanmar
×
ပင်နုပင်ပျော့မျိုးဖြစ်၏။
အမြင့်(၃)ပေမှ(၄)ပေခန့်ထိမြင့်ပြီးရွက်ရောင်ပင်စည်မျိုးဖြစ်သည်။
အရွက်မှာရွက်ဖျားချွန်းပြီးရွက်ရင်းသွယ်သည်။
အညိုနုရောင်ရှိသောမြေအောက်ပင်စည်ဥအတတ်ရှိပြီးဥ၏အဆစ်နေရာများတွင်အဖတ်လေးများရှိသည်။
အေးသောဓာတ်ရှိ၏။
 နှုတ်ကိုမြိန်စေ၏။ကြေကျက်လွယ်၏။
သလိပ်လည်းခြေဒေါသကိုနိုင်၏။
ဆီးဝမ်းကိုရွှင်စေ၏။
အဆိပ်ကိုနိုင်၏။
အသနာ၊ရင်နာ၊လေနာတို့ကိုနိုင်၏။
 ပြင်းထန်သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများ
 ပျောက်ကင်းစေသည်။
ဂျင်းစိမ်းဥတတ်အရည်နှင့်ပျားရည်ကိုရောစပ်ကာလျက်ပေးပါက နှာစေချောင်းဆိုး နှင့်ပန်းနာရင်ကြပ်ရောဂါ
များပျောက်ကင်းသည်။
ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။
ဂျင်စိမ်းရည်အားနှမ်းဆီနှင့် ကြိုချက် ကာရသောဆီကိုအဆစ်အမြစ်ရောင်ရမ်းသောနေရာတွင်လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာ
 ပျောက်ကင်းသည်။
ဂျင်းစိမ်းကိုဝါးပြီးကိုက်သောနေရာတွင်ငုံထားပါကသွားကိုက်ခြင်း၊သွားနာခြင်းများ ပျောက်ကင်းသည်။
ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကို ရောကာပြုတ်သောက်သော်တုတ်ကွေးနာ ပျောက်ကင်းနိုင်ပြီး သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေသည်။
Credit : Julyshwemoe
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top