iMyanmarHouse.com - Best Property Website for Myanmar
×














သရဖူကိစ္စနှင့်ပတ်သက် ၍ ထပ်မံဖြေရှင်းရန် အစီအစဉ် မရှိဘဲ ကိုရီးယားအဖွဲ့အစည်းက ဆက်သွယ်ပါက သရဖူကို ပြန်လည် ပေးအပ်သွားမည်ဖြစ်ကြောင်းMiss Asia Pacific World 2014 ဆုရှင် မေမြတ်နိုး၏ မိခင်က ပြော သည်။

‘‘သူတို့ဘက်က မဟုတ်တာ တွေပြောထားတော့ လာမယူရဲ တာထင်တယ်။ အန်တီတို့ဘက် ကတော့ ဒီကိုလာယူတာနဲ့ ပြန် ပေးဖို့အဆင်သင့်ပါ’’ဟု မေမြတ် နိုး၏ မိခင်က ပြောသည်။
သရဖူကိစ္စနှင့်ပတ်သက်၍ ကိုရီးယားအဖွဲ့အစည်းဘက်မှ ယခုအချိန်ထိ ဆက်သွယ်မှုမရှိ သေးဘဲ ဆက်သွယ်လာပါက အားလုံးကို အသိပေးသွားမည်ဟု ၎င်းက ပြောသည်။

ကိုရီးယားဘက်မှ စွပ်စွဲထား သော အကြောင်းအရာများကို မေမြတ်နိုးက စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်း ပွဲပြုလုပ်၍ ဖြေရှင်းခဲ့ပြီး ၎င်း၏ ဂုဏ်သိက္ခာကျခဲ့ရသောကြောင့် ယင်းအဖွဲ့အစည်းက တောင်းပန်မှသာ သရဖူကိုပြန်လည်ပေးအပ် မည်ဟု ပြောကြားခဲ့သည်။

ယင်းကိစ္စကို Miss Asia Pacific World အဖွဲ့အစည်းက မေမြတ်နိုးကို ပြိုင်ပွဲမှထုတ်ပယ် သည့်အချက်သုံးခုပါဝင်သော ကြေညာချက်တစ်စောင်ကို စက် တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။ ယင်းကြေညာချက်နှင့်အ တူ မေမြတ်နိုး၏ လိမ်ညာမှုများ အတွက် ကိုရီးယားနှင့် မြန်မာရဲ တပ်ဖွဲ့များထံ ရာဇဝတ်မှုဖြင့် တောင်းဆိုမည်ဟု သတင်းထုတ် ပြန်ခဲ့သည်။

Credit : 7day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top