iMyanmarHouse.com - Best Property Website for Myanmar
×










တစ်နေ့ကိုကော်ဖီ ၃ ခွက်နဲ့အထက်မှာ သောက်သုံးခြင်းဟာ လူတစ်ယောက်ရဲ့ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်မှုနှုန်းကို နှစ်ဆဖြစ်စေတယ်လို့ ကျန်းမာရေးသုတေသီတွေက သတိပေးလိုက်ပါတယ်။ ကော်ဖီကိုပုံမှန်သောက်သုံးခြင်းဟာ ဆီးချိုသွေးချိုရောဂါမဖြစ်ခင်အဆင့် နှစ်ခုကိုဖြစ်စေနိုင်တယ် လို့သိရပါတယ်။

အီတလီအဖွဲ့တစ်ဖွဲ့ဟာ အသက် ၁၈နှစ်ကနေ ၄၅ နှစ်အထိရှိတဲ့ ဆီးချိုသွေးချိုရောဂါမဟုတ်သေးပဲ သွေးခုန်နှုန်းမြင့်မားနေတဲ့ သွေးတိုးရောဂါဝေဒနာရှင် လူနာ၁၁၈၀ ယောက် ကိုလေ့လာခဲ့ပါတယ်။ အဲဒီအခါမှာတော့ ၈၇ ရာခိုင်နှုန်ူက တစ်နေ့ကို ကော်ဖီ ၁ ခွက် ကနေ ၃ ခွက်အထိသောက်သုံးကြပြီး ကျန်တဲ့ ၁၃ ရာခိုင်နှုန်းကတော့ ပိုများပါတယ်။

အီတလီအရှေ့မြောက်ပိုင်းက San Daniele Cardiology ဆေးရုံမှ ဒေါက်တာLucio Mos ကတော့ “သွေးတိုးရှိတဲ့လူငယ်လေးတွေရဲ့ ကံကြမ္မာအတွက် ဘ၀နေထိုင်မှုအပိုင်းက အရေးကြီးပါတယ်”လို့ဆိုပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top