iMyanmarHouse.com - Best Property Website for Myanmar
×











နှင်းဆီပန်းကို ဆူးရှိတဲ့ပန်းလို့ သိထားကြပါတယ်…

ပြီးတော့ အချစ်ပန်းလို့လည်း တင်စားခေါ်ဝေါ်ကြတယ်

အဲဒီ့ အချစ်ပန်းကို ဋီကာ ဖွဲ့ထားပုံကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်

နှင်းဆီပန်းအရောင်အလိုက်အဓိပ္ပာယ်များ
-----------------------------------------
နှင်းဆီနီ… မင်းကိုချစ်တယ်

နှင်းဆီပန်းရောင်… ပြီးပြည့်စုံသော ပျော်ရွှင်မှု၊ အပြုံးတောက်ပမှု၊ ကိုယ့်ကို ယုံကြည်ပေးပါ

နှင်းဆီဖြူ… ထာဝရအချစ်၊ ဖြူစင်မှု၊ သန့်ရှင်းမှု၊ လျှို့ဝှက်မှု၊ တိတ်ဆိတ်ခြင်း

နှင်းဆီဝါ… ခင်မင်မှု၊ မနာလိုမှု၊ ကိုယ်ဟာ မထိုက်တန်သူပါ၊ ဂရုစိုက်ကြင်နာခြင်း၊ ကျေနပ်မှု

အဖျားတွင် အနီရောင် သမ်းနေသော အ၀ါရောင် နှင်းဆီ… ထာဝရချစ်ခြင်း

နှင်းဆီနက်…မင်းကို စွဲလမ်းမိနေတယ်၊ အသက်သေဆုံးသွားသည့်တိုင်

နှင်းဆီ လိမ္မော်… မင်းဟာ ကိုယ့်ရဲ့ တိတ်တခိုးချစ်သူပါ

နှင်းဆီ အဖြူနဲ့ အနီရောင်… ကိုယ်တို့ဟာ ခွဲခြားလို့ မရဘူး၊ အတူတကွ

နှင်းဆီဆူးမဲ့… မြင်မြင်ချင်း အချစ်

နှင်းဆီဖူး… လှပနုပျိုခြင်း၊ အချစ်ကြောင့် အပြစ်ကင်းသော နှလုံးသား

နှင်းဆီဖူး အနီ… ရှင်သန်ခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်း

နှင်းဆီဖူးအဖြူ… မိန်မသားတစ်ယောက်ရဲ့ မျိုသိပ်ထားတဲ့ချစ်ခြင်း

အပွင့်အရေအတွက် အဓိပ္ပာယ် များ
---------------------------------
နှင်းဆီ တစ်ပွင့်… မင်းကို ကိုယ်ချစ်တယ်၊ မင်းကို ကိုယ်ချစ်နေတုန်းပဲ

နှင်းဆီ နှစ်ပွင့်… အပြန်အလှန်ခံစားမှုများ

နှင်းဆီ သုံးပွင့်… မင်းကို ကိုယ်ချစ်တယ်

နှင်းဆီ ခုနစ်ပွင့်… အရူးအမူး စွဲလမ်းနေပြီ

နှင်းဆီ ကိုးပွင့်… ထာဝရ အမြဲအတူရှိနေမယ်

နှင်းဆီ ဆယ်ပွင့်… မင်းဟာ ပြီးပြည့်စုံသူ တစ်ယောက်ပါ

နှင်းဆီ ဆယ့်တစ်ပွင့်… မင်းဟာကိုယ့်ရဲ့ အဖိုးတန်ရတနာ တစ်ပါးပါ

နှင်းဆီ ဆယ့်နှစ်ပွင့်… ပိုင်ဆိုင်ပါရစေ

နှင်းဆီ ဆယ့်သုံးပွင့်… ထာဝရ သူငယ်ချင်း

နှင်းဆီ ဆယ့်ငါးပွင့်… တကယ်ကို တောင်းပန်ပါတယ်

နှင်းဆီ နှစ်ဆယ်ပွင့်… ကိုယ်ဟာမင်းအပေါ် တကယ်ရိုးသားခဲ့ပါတယ်

နှင်းဆီ နှစ်ဆယ့်တစ်ပွင့်… မင်းအတွက် ရည်ညွှန်းပြီးပေးတာပါ

နှင်းဆီ နှစ်ဆယ့်လေးပွင့်… မင်းအတွက် ထာဝရ

နှင်းဆီ နှစ်ဆယ့် ငါးပွင့်… ဂုဏ်ယူပါတယ်

နှင်းဆီ အပွင့် ငါးဆယ်… ခြွင်းချက်မရှိသော အချစ်

နှင်းဆီ ကိုးဆယ့်ကိုးပွင့်… ဘ၀ တစ်လျှောက်လုံးချစ်နေမှာပါ

နှင်းဆီ တစ်ရာ ရှစ်ပွင့်… ကိုယ့်ကို လက်ထပ်နိုင်မလား

နှင်းဆီ ကိုးရာကိုးဆယ့်ကိုးပွင့်… နောက်ဆုံးချိန်ထိ မင်းကိုချစ်နေမယ်

နှင်းဆီပန်းစည်း…မင်းကို ကျေးဇူးတင်ရှိပါသည်။

Credit - Original Writer

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top