iMyanmarHouse.com - Best Property Website for Myanmar
×


သင့်ကိုယ်ခန္ဓာအတွင်းမှာအညစ်အကြေးတွေဘယ်လောက်တောင်စုပုံနေပြီလည်း။ သွေးအတွင်းမှ
အညစ်အကြေးတွေကိုလည်း သန့်စင်ပေးဖို့ မိမိကိုယ်တိုင်စွမ်းဆောင်နိုင်ပါတယ်။

ဒါကတော့ Detox Water ပြုလုပ်ပြီးသောက်လိုက်ရုံပါပဲ။ ရနိုင်တဲ့အကျိုးတွေကလည်းအများကြီးပါ။
Detox Water လုပ်ဖို့ဘာတွေလိုအပ်သနည်း။
- ရေသန့် ၂လီတာ လိုပါတယ်။
- သံပရိုသီး ( သို့ ) သံပရာသီး ၁လုံး ( သို့ ) Apple Cider Vinegar ဟင်းခပ်ဇွန်း ၁-၂ခွန်း
( မိမိ လိုအပ်သလောက်အနည်းအများချိန်နိုင်သည်။ အရမ်းချဉ်အောင်တော့မထည့်သင့်ပါဘူး။
- ပူစီနံရွက် ၁၀ရွက် မှ ၁၅ရွက်
- သခွားသီး အလတ် ၁လုံး ( သို့ ) ဖရဲသီး အနည်းငယ်
- လိမ္မော်သီး အနည်းငယ်
- ရေ ၂လီတာဆံ ဖန်ခွက်ကြီးတစ်လုံး
အထက်ပါ လိုအပ်တာအားလုံးတို့အား ဖန်ခွက်အတွင်းပေါင်းထည့်ပါ။ ကြိတ်ဖို့မလိုပါဘူး။ ထို့နောက် ရေခဲသေတ္တာထဲတွင်ထည့်ပြီးနောက်နေ့မနက်မှစတင်ကာ ၁ရက်လုံးသောက်သုံးနိုင်ပါပြီ။
၂၄နာရီထက်ကျော်ပြီးတော့မသောက်သုံးသင့်ပါ။

ထိုသို့နေ့စဉ်ဆက်တိုက်သောက်သုံးနိုင်သလို ၁ပါတ်အတွင်း၂ရက်၃ရက်အဆင်ပြေသလိုသောက်သုံးနိုင်ပါတယ်။
၁လလောက်သောက်သုံးပြီးသွားရင်တော့ အနည်းငယ်ထူးခြားလာပါလိမ့်မယ်။
ရလာဒ်တွေအနေနဲ့ကတော့
-သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။
-ကျောက်ကပ်နှင့် အသည်း အတွင်းမှ အညစ်အကြေးများကို သန့်စင်သွားပါလိမ့်မယ်။
- မလိုတဲ့အဆီတွေကိုလည်း ကျစေပါတယ်။
- ကိုယ်ခန္ဓာရဲ့ ခုခံစွမ်းအားလည်းတက်လာပါမယ်။
- အသားအရေ ဟာလည်း ၀င်းပလှပလာပါလိမ့်မယ်။
- နေ့တိုင်းလည်း ရေကို ပိုသောက်ဖြစ်စေတာပေါ့။

သင်လည်းစမ်းသောက်ကြည့်လိုက်ပါအုံး။ ရေကတော့ ၁လီတာပဲ သောက်မယ်ဆိုရင် လိုအပ်တာတွေကိုလည်း လျှော့ထည့်ဖို့မမေ့နဲ့အုံး...

 
Credit :detoxandbodycleanse.com

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top