iMyanmarHouse.com - Best Property Website for Myanmar
×

 တောင်ကိုရီးယားသရုပ် ဆောင်မင်းသားလီမင်ဟိုသည် လာမည့်   အောက်တိုဘာတွင် Song For You အမည်ရဒုတိယ တေးအယ်လ်ဘမ်ထွက်ရှိမည်ဖြစ် သည်။

‘‘၂၀၁၃ မေလမှာ My Every -thing အယ်လ်ဘမ်ထွက်ပြီး တော့ ဒီနှစ်အောက်တိုဘာမှာ ဒုတိယမြောက်အယ်လ်ဘမ် SongFor You ထွက်မှာပါ။ ကမ္ဘာတစ် ၀န်းက ပရိသတ်တွေရဲ့ တောင်း ဆိုမှုကြောင့် ဒီအယ်လ်ဘမ်ထွက် ရှိဖြစ်တာပါ’’ဟု လီမင်ဟို၏ အေ ဂျင်စီက စက်တင်ဘာ ၂၆ ရက် တွင်ပြောသည်။

Song For You အယ်လ် ဘမ်တွင် ပေါ့ပ်၊ရော့ခ်သီချင်းအ မျိုးအစားများ  ပါဝင်မည်ဖြစ်ပြီး လီမင်ဟို၏ အသံချိုချိုသည် ယခု ဆောင်းဦးရာသီတွင် အမျိုးသမီး ပရိသတ်များ၏ နှလုံးသားကို တက်ကြွလှုပ်ရှားစေလိမ့်မည်ဟု အေဂျင်စီကပြောသည်။

ဒုတိယမြောက်အယ်လ်ဘမ် တွင် ပါဝင်သော သီချင်းများကို အောက်တိုဘာတွင် ပြုလုပ်မည့် လီမင်ဟို၏ ကမ္ဘာ့လှည့်ဖျော်ဖြေ ပွဲ (Re:Minho) တွင်   ဖျော်ဖြေ တင်ဆက်သွားမည်ဟု သိရသည်။ Re:Minho
ကမ္ဘာလှည့်ဖျော်ဖြေ ပွဲသည် အောက်တိုဘာ ၄ ရက် တွင် ဘေဂျင်းမြို့မှ စတင်ပွဲထွက် မည်ဖြစ်သည်။

Credit : 7day Daily

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top