အိမ်ထောင်ကျသွားပေမဲ့လဲ ပရိသတ်အတွက် ပေးဆပ်မှုမလျော့တဲ့ ၀ိုင်းစုခိုင်သိန်းဟာ အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ကြိုးစားဖန်တီးနေဆဲပါ။ ခုလတ်တလောမှာလည်း ဗီဒီစီရိုက်တာနဲ့ အတွဲခွေအတွက် ဆက်တိုက်ရိုက်ကူးဖြစ်နေတယ်လို့ ဆိုတာကြောင့် သူမရဲ့ အာဘွားဗီစီဒီနဲ့ ပတ်သက်ပြီး မေးကြည့်လိုက်တဲ့အခါ “ ဗီစီဒီက ရိုက်ထားတာ ၄ပုဒ်ပဲရှိသေးတယ်။ ၁၀လပိုင်းမှာ အမီထွက်ဖို့အတွက် ဒီတစ်လလုံးကို ဗီစီဒီရိုက်တွေကြီးပဲ စီစဉ်ထားပါတယ်။ ၁၀ လပိုင်းလလယ်လောက် အာဘွား ဗီစီဒီထွက်မယ်။ ၁၁ လကုန်မှာ အတွဲခွေထွက်ဖို့စီစဉ်ထားပါတယ်။”လို့ သူမက ပြောပါတယ်။
အခွေထဲမှာ ပါဝင်သရုပ်ဆောင်မယ့်သူတွေကိုလည်း သူမက “သရုပ်ဆောင်တွေအနေနဲ့က ဒါကအလင်းရောင်ပေါ့။ မြင့်မြတ်ပါမယ်။ ကိုဇေယျ၊ ဦးရန်လေး၊ အန်တီမို့၊ ဘေဘီမောင်၊ ဆန်းတိုးနိုင်ပါတယ်။ ဇေရဲထက်ပါမယ်။ ယွန်းဝတီလွင်မိုးနဲ့ရဲရင့်အောင်၊ လွှမ်းပိုင်နဲ့ ထက်ထက်လဲ ပါမယ်။ အဆိုတော်တွေလဲ ပါမယ်ပေါ့နော်။ ကျန်တာတွေကတော့ ပြောထားတာတွေရှိပါသေးတယ်။ ဒါရိုက်တာကအောင်မြတ်၊ ကိုဝင်းလွင်ထက်၊ ကိုသားသားကြီး၊ မေဘရဏီ အသစ် ကောင်မလေးပါတယ်။ ကိုသုံးပေါင်ပါတယ်။ ရိုက်ပြီးသား ၄ပုဒ်က အာဘွားရယ်၊ နောက်ဆုံးအချစ်ရယ်၊ ဟိုတုန်းကအိမ်ရယ်၊ မင်းရဲ့ရွေးချယ်မှုရယ် ပေါ့”တဲ့။
ဝိုင်းစုဟာ ဒါရိုက်တာ ဦးမျိုးထူးရိုက်ကူးတဲ့ ဇာတ်ကားထဲမှာ နေမင်းနဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပြီး နောက်ထပ်ဇာတ်ကား နှစ်ကားထပ်ရိုက်ဖို့ ပြောထားတာရှိတယ်လို့လည်း ဆိုပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXw9mQE_GQBykKeN2OQPeS02f0lHQVNYuydoRYIGVJXU3U2Cdk4mDZhyphenhyphenB5Ah2o3-39FA4zEfiHKK-3XwHYWBXh0P2KONvNWqLWjROsjbgLu2V0vKNT7l4NN8a-gIIWgFqEgabMvY9io0M/s1600/ar-vor.jpg)
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...