iMyanmarHouse.com - Best Property Website for Myanmar
×









တခါတလေ သင့်ရဲ့အဝတ်ဘီရိုထဲ ပစ္စည်းနှစ်မျိုးသုံးမျိုး ပေါင်းထည့်လိုက်ရလို့ ပိုပြီး စိတ်ချမ်းသာခြင်းနဲ့ မိမိကိုယ်ကိုယုံကြည်စိတ်ချမှု အပြည့်အဝခံစားစေနိုင်ပါတယ်။ ဘယ်မိန်းကလေးအဝတ်ဘီရိုကိုမဆို ပိုပြီးပြည့်စုံစေနိုင်တဲ့ အဝတ်အစားငါးမျိုးကို စုစည်းပေးလိုက်ပါတယ်။

၁။ ရိုးရိုးလေးနဲ့ချုပ်ထားတဲ့ဂျာကင်တစ်ထည်

အလေးချိန်ပေါ့ပါးပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ စမတ်ကျတဲ့အဝတ်အစားပဲ ဖြစ်ပါတယ်။ ဂျင်းဘောင်းဘီ၊ စကပ်၊ ထောင့်မြင့်ဖိနပ်တွေနဲ့လိုက်တာမို့ လိုက်ဖက်မယ့်အဝတ်အစားထပ်ရှာဖို့ မလုပ်မပိုတော့ဘူးပေါ့။

၂။ စတိုင်ဘောင်းဘီရှည်               

ရှေးရိုးဆန်ပေမယ့် စတိုင်ကျပြီး ပေါ့ပေါ့ပါးပါးဖြစ်စေပါတယ်။ ကော်ဖီဆိုင်မှာ အရေးကြီးဆွေးနွေးစရာ ဒါမှမဟုတ် အအေးသောက်ရင်း စကားစမြည်ပြောတဲ့အချိန်တွေမှာ သင့်တော်တဲ့အဝတ်အစားလည်း ဖြစ်ပါတယ်။ ဒီလိုဘောင်းဘီတွေဟာ ချည်သားလက်ပြတ်လေးတွေနဲ့ စတိုင်ကျကျ ဝတ်ဆင်လို့ရပါတယ်။

၃။ ကိုယ်လုံးနဲ့ကွက်တိကျတဲ့ ရှပ်အကျီ

ခန္ဓာကိုယ်နဲ့ ကွက်တိကျတာမို့ ဂျင်းဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီခပ်တိုတိုလေးတွေနဲ့ဆို အရမ်းလိုက်ဖက်ပါတယ်။ မြင်တဲ့သူဘက်ကလည်း ကြည့်ကောင်းသလို ကိုယ်တိုင်ကလည်း လွတ်လပ်ပေါ့ပါးမှုကို ခံစားစေပါတယ်။

၎။ ရုံးတက်ချည်သားရှပ်အင်္ကျီ

မိန်းမဆန်သလို သပ်သပ်ရပ်ရပ်ရှိပါတယ်။ လုပ်ငန်းပိုင်းအစည်းအဝေးနဲ့ ညစာ စားပွဲတွေအတွက် အသင့်တော်ဆုံးအဝတ်အစားပဲ ဖြစ်ပါတယ်။

၅။ အဖြူရောင်ဂျင်းဘောင်းဘီ

အဖြူရောင်ကိုမနှစ်သက်တဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမယ့် သေချာတာကတော့ ဘယ်အဝတ်အစားနဲ့မဆိုလိုက်တယ်။ ဆောင်းရာသီမှာ ဘွတ်ဖိနပ်နဲ့ဝတ်မယ်ဆိုရင် အခြားဘောင်းဘီအရောင်တွေထက် ပိုပြီးလိုက်ဖက်တယ်ဆိုတာကိုတော့ သင်ငြင်းလို့ရမှာမဟုတ်ပါဘူး။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top