iMyanmarHouse.com - Best Property Website for Myanmar
×










ဆံပင်ပုံစံသာမက ဆံပင်အရောင်ကလည်း မျက်နှာသွင်ပြင်ကို ပြောင်းလဲစေနိုင် ပါတယ်။

(၁) အနက်ရောင်၊ အညိုရောင်

နက်မှောင်တဲ့ ဆံပင်အရောင်က မိတ်ကပ်ကိုပိုပြီး တောက်ပစေနိုင်ပါတယ်။ လန်းဆန်းတဲ့ အသွင်ကိုလည်း ပေါ်စေပါတယ်၊ နှုတ်ခမ်းနီကိုတော့ လိမ္မော်ရောင် သုံးသင့် ပါတယ်။ မျက်ခုံးတွေကိုလည်း မေ့မထားပါနဲ့ မျက်ခုံးတွေကို ထင်းအောင်ဆွဲတာဟာ မျက်နှာကို ပုံစံကျအောင် လုပ်ပေးနိုင်ပါတယ်။

(၂)ငွေရောင်ဆံပင်

တကယ်လို့က မင်းက အသားဖြူတဲ့သူဆိုရင်တော့ ဆံပင်ကို ဒီလိုအရောင်မျိုးဆိုးတာ အဆင်ပြေပါတယ်။ လိုင်နာကို အမဲရောင် ဒါမှမဟုတ် သဘာဝဆန်တဲ့ အရောင်မျိုး ချယ်ပါ။ မျက်တောင်ကော့ဆေးကို အနက်ရောင်သုံးပါ။ နှုတ်ခမ်းကို အဖျော့ဆိုးပါ။ ဒါဟာ မျက်လုံးကာလာကို ပိုပြီးပေါ်လွင်စေပါတယ်။ မျက်ခုံးကို တတ်နိုင်သရွေ့ဆံပင်အရောင်နဲ့ တူအောင်ဆိုးပါ။ ဒါဆို ပိုပြီးတော့ ပေါ်လွင်စေပါတယ်။

(၃)အနီရောင်ဆံပင်

ဆံပင်အနီရောင်ဆိုးသူတွေကတော့ သဘာဝကျတဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးနဲ့ မပြည့်စုံပါဘူး။ ဒီတော့ မျက်ဝန်းကိုချယ်သရာမှာ အညိုရောင်အောက်ခံနဲ့ ခရမ်းရောင် ရင့်ရင့်လိုင်နာသုံးပါ။ နှုတ်ခမ်းကို ဘာမှမဆိုးပဲမနေပါနဲ့။ အနီရောင်ဆံပင်ဟာ နှုတ်ခမ်းအရောင် ရင့်ရင့်နဲ့ လိုက်ပါတယ်။

(၄) ရွှေရောင်ဆံပင်

အနီရောင်က ဆံပင်အတော်တော်များများနဲ့ လိုက်ဖက်ဖို့ခဲယဉ်းပါတယ်။ ဒီတော့ ရွှေရောင်ကို ကြိုးစားကြည့်ရင်လည်း အဆင်ပြေပါတယ်။ ရွှေရောင်ဆံပင်က အောက်ခံဖောင်ဒေးရှင်းကို အထူကြီးလိမ်းစရာမလိုဘဲ ပေါ့ပါးတဲ့ အစိုဓာတ်ထိန်း ခရင်မ်လောက်နဲ့ သဘာဝအသားအရေကို ဦးစားပေးပါ။ မီးခိုးရောင်မျက်ဝန်းက ရွှေအိုရောင်ဆံပင် ရဲ့ပြီးပြည့်စုံမှုလျှိ့ဝှက်ချက်ပါ။ ပတ္တမြားရောင်ရင့်ရင့် နှုတ်ခမ်းနီကို စိုးရိမ်းမှုကင်းကင်းနဲ့ ဆိုးလိုက်ပါ။ ပြီးတော့ ပါးနီဖျော့ဖျော့လေးဆိုးလိုက်ရင် ရွှေအိုရောင်ဆံပင်နဲ့ အလိုက်ဖက်ဆုံးပုံစံကို ရမှာပါ။

ဒီတော့ ကိုယ့်ဆံပင်အရောင်နဲ့လိုက်ဖက်တဲ့ မိတ်ကပ်ပြင်ဆင်နည်းကို ရွေးချယ်နိုင်ပါစေ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top