iMyanmarHouse.com - Best Property Website for Myanmar
×

မီဒီယာရှေ့တွင်တောင်းပန်ပြီး  သရဖူပြန်အပ်ရန် မေမြတ်နိုးအား Miss Asia Pacific World Organization ၏ ကိုရီးယားနှင့် အရှေ့တောင်အာရှပိုင်း   တာဝန်ယူထားသော ဥက္ကဋ္ဌ မစ္စတာချွိုင်ဂျင်းကပြောသည်။

‘‘မေမြတ်နိုးက မီဒီယာတွေရှေ့မှာ တောင်းပန်ပေးမယ်ဆိုရင် သရဖူသိမ်းတဲ့ကိစ္စတွေကို ကူညီပေးနိုင်တယ်။ ဒီအရာက မြန်မာနဲ့ ကိုရီးယားအတွက်လည်း အကောင်းဆုံးအရာဖြစ်ပြီး မေမြတ်နိုးအတွက်လည်း အကောင်းဆုံး အရာဖြစ်မှာပါ’’ဟု မစ္စတာချွိုင် ဂျင်းကပြောသည်။

မေမြတ်နိုးကိုလည်း လာရောက်တောင်းပန်ပြီးပါက ရှေ့ ဆက်အလုပ်များ လုပ်ဆောင်သွား လိုသည်ဟု ၎င်းကပြောသည်။

ရင်သားခွဲစိတ်မှုကို ၎င်းတို့ အဖွဲ့အစည်းတစ်ခုတည်း၏ ဆုံးဖြတ်ချက်အရ လုပ်ဆောင်ခြင်းမဟုတ်ဘဲ မေမြတ်နိုးနှင့် ၎င်း၏မိခင်တို့၏ သဘောတူညီမှုအရ လုပ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘သူရော  သူ့အမေပါ လက်မှတ်ထိုးခဲ့ပြီးပါပြီ။ အော်ပရေးရှင်း လုပ်တဲ့အခါမှာ လက်မှတ်မထိုးဘဲ  ဘယ်အော်ပရေးရှင်းမှ ကိုရီးယားမှာ မလုပ်ပေးဘူး’’ဟု မစ္စတာချွိုင်းဂျင်းကပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် ရုပ်ရှင်ကြယ်ပွင့်များသည် ခွဲစိတ်မှုများ လုပ်ဆောင်လေ့ရှိသဖြင့် မေမြတ်နိုးကို မည်သည့်အစိတ်အပိုင်း ခွဲစိတ်လိုသနည်းဟု မေးမြန်းပြီးမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဖွဲ့အစည်း၏ အစီအစဉ် အချိန်ဇယားများကို အလုပ်မလုပ်ခြင်း၊ အဖွဲ့အစည်း၏စကားကို မလိုက်နာခြင်း၊ ချုပ်ဆိုထားသော စာချုပ်စည်းကမ်းများကို မလိုက်နာခြင်းကြောင့် သရဖူကို ရုပ်သိမ်းခဲ့ခြင်းဖြစ်သည်ဟု မစ္စတာချွိုင်ဂျင်းကပြောသည်။

မေမြတ်နိုး၏မိခင်ကို ကိုရီးယားသို့ နှစ်ပတ် လိုက်ပါခွင့်ရရန် မေမြတ်နိုးကတောင်းဆိုခဲ့၍ စီစဉ်ပေးခဲ့ခြင်းသာဖြစ်ပြီး ၎င်း၏မိခင်က သမီးနှင့်အတူ သုံးလနေထိုင်ခွင့်ရရန် ကြိုးစားခဲ့ကြောင်း သိရသည်။ သရဖူအသိမ်းခံရသည့် ကိစ္စနှင့်  ပတ်သက်၍ မေမြတ်နိုးသည် စက်တင်ဘာ ၂ရက်တွင် သတင်းစာရှင်းလင်းပွဲ   ပြုလုပ်မည်ဖြစ်သည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top