iMyanmarHouse.com - Best Property Website for Myanmar
×

အဆိုတော်ချစ်သူနှင့် မကြာသေးမီက လမ်းခွဲလိုက် သော ရော့ခ်အဆိုတော် နောနော် က အချစ်သစ်ကို ဘုရားထံတွင် တောင်းနေသည်ဟု ဆိုသည်။

‘‘အဲ့ဒါတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ နောက်ထပ်အချစ် ရေးနဲ့ ပတ်သက်လို့ ဘုရားဆီမှာ တောင်းထားတယ်’’ဟု နောနော် က ပြောသည်။

နောနော်၏ လက်ရှိဖက်ရှင် ပုံစံသည်  ပရိသတ်မျက်စိ  အ မြင်စွဲနေသော ဆံပင်ရှည်ရှည်နှင့် မဟုတ်တော့ဘဲ သပ်သပ်ရပ်ရပ် ၀တ်စားကာ ဆံပင်ပုံစံပြောင်းလဲ ထားသည်ကို တွေ့မြင်ခဲ့ရသည်။

‘‘ဘယ်လိုကြောင့် ပြောင်း သွားလဲဆိုတော့ နည်းနည်းအိုက် လို့လေ၊ အိုက်တာနဲ့ ညှပ်လိုက် တာ’’ဟု နောနော်က ပြောသည်။

နောနော်သည် တစ်နှစ်တစ် ကြိမ် တစ်ကိုယ်တော်ရှိုးပွဲပြုလုပ် သွားမည့် ရည်ရွယ်ချက်အတိုင်း ယခုနှစ် ဒီဇင်ဘာတွင် တစ်ကိုယ် တော်ရှိုးပွဲထပ်မံပြုလုပ်မည်ဖြစ် ကြောင်း ပြောသည်။

ဘာသာရေးပွဲများအတွက် အမေရိကန်တွင် နှစ်လကြာသွား ရောက် သီဆိုပေးခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက်ချိန်တွင် ငါးခွေမြောက်အခွေသစ်အတွက် စတင်စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

Credit :7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top