iMyanmarHouse.com - Best Property Website for Myanmar
×














အမေရိကန်သရုပ် ဆောင်မင်းသမီး ကိတ်ဟက်ဆန် က ၎င်းသည် တစ္ဆေသရဲများကို မြင်နိုင်သည်ဟု ဗြိတိန်ရုပ်သံအစီ အစဉ် Alan Carr : Chatty Man ၌ ပြောကြားခဲ့သည်။

ရွှေကမ္ဘာလုံးဆုရ သရုပ် ဆောင်မင်းသမီး ကိတ်ဟက်ဆန် က ၎င်းနှင့် ၎င်း၏ မိခင်ဂိုဒီဟွမ်းတို့ သည် သေဆုံးသူများကို မြင်နိုင် သည်ဟု ပြောကြားခဲ့သည်။

‘‘ကျွန်မနဲ့ ကျွန်မအမေက သေဆုံးသူတွေကို မြင်နိုင်ပါတယ်။ တကယ်မြင်ရတာတော့ မဟုတ် ဘူး။ အဲဒီဝိညာဉ်တွေ ရှိနေတယ် ဆိုတာကို ခံစားရတာပါ’’ ဟု ကိတ်ဟက်ဆန်က ရှင်းလင်းပြော ကြားခဲ့သည်။

အသက် (၃၅) နှစ်အရွယ် မင်း သမီး ကိတ်ဟက်ဆန်က ‘‘တစ်ခါ က မျက်နှာမပါတဲ့ သရဲမ တစ် ကောင်ကို မြင်ပြီး လန့်သွားဖူး တယ်။ တကယ် ကျောချမ်းဖို့ ကောင်းတယ်’’ ဟု ပြောကြားခဲ့ သည်။

ယင်းသရဲတစ္ဆေများကို မြင် ပြီးနောက် ထိတ်လန့်၍ ကျိန်ဆဲမိ လေ့ရှိကြောင်းနှင့် ကျိန်ဆဲမိသည့် အခါတိုင်း အိုးတစ်အိုးထဲသို့ ပိုက် ဆံများပစ်ထည့်ခြင်းဖြင့် ယင်းအ ကျင့်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်း နေကြောင်း ကိတ်ဟက်ဆန်က ပြောသည်။

ကိတ်ဟက်ဆန်သည် ဂျူး လူမျိုးတစ်ဦးဖြစ်သော်လည်း ၎င်း ၏ မိခင် ဂိုဒီဟွမ်းအတိုင်း ဗုဒ္ဓအ ယူဝါဒကို လက်ခံကျင့်သုံးသူတစ် ဦးဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top