iMyanmarHouse.com - Best Property Website for Myanmar
×

သြစတြေးလျနိုင်ငံတွင် သွားရောက်နေထိုင်ခဲ့သော ကြောင့် ပရိသတ်နှင့် အတန်ကြာ ဝေးကွာနေသည့် ဂရေဟမ်က တစ်ကိုယ်တော်ခွေတစ်ခွေ ထွက် ရှိရန် စီစဉ်လျက်ရှိပြီး ယင်းအခွေတွင် သမီးဖြစ်သူ သီဆိုထားသည့် သီချင်းများလည်း ပါဝင်မည်ဟု ပြောသည်။

‘‘သမီးကြီး ပန်းရောင်ခြယ်နဲ့ စုံတွဲသီချင်းတစ်ပုဒ် ပါမယ်။ နောက်ပြီး သူတစ်ယောက်တည်း ဆိုထားတဲ့ သီချင်းလေးပုဒ် လောက်ပါမယ်’’ ဟု ဂရေဟမ်က ပြောသည်။

သြစတြေးလျနိုင်ငံတွင် နေ ထိုင်စဉ်က ၎င်းတို့မိသားစုတွင် နံ နက်တိုင်း ကြုံတွေ့ရသည့် အဖြစ် အပျက်တစ်ခုကို အခြေခံကာ အ ပျော်ပုံစံဖြင့် ရေးဖွဲ့ထားသည့် Wake Up Daddy သီချင်းကို အ ခွေခေါင်းစဉ်အဖြစ်ပေးရန် ရည် ရွယ်ထားပြီး လာမည့်ပွင့်လင်းရာ သီတွင် ထွက်ရှိနိုင်ရန် ရည်ရွယ် ထားသည်ဟု ၎င်းက ဆိုသည်။

သီချင်းပုံစံအနေဖြင့်လည်း ယခင်သီဆိုနေကျ ပေါ့ပ်နှင့် R&B သီချင်းပုံစံ အများဆုံးပါဝင်မည် ဖြစ်ပြီး ယခင်က ဆိုလေ့မရှိသော သီချင်းပုံစံနှစ်ပုဒ်ခန့် ပါဝင်မည် ဖြစ်ကြောင်း ဂရေဟမ်က ပြော သည်။ ‘‘သမီးက ပင်ကိုကတည်းက သီချင်းတွေ အမြဲနားထောင်တော့ ဆိုတာ မဆိုးပါဘူး။ သြစတြေး လျမှာလည်း Vocal နဲ့ ပတ်သက် ပြီး စကောလားရှစ် ရထားတာဆို တော့ ဂီတအခြေခံတော့ ရထား ပြီးသားပါ။ ဆိုတဲ့အခါမှာတော့ လိုတာလေးတွေ ပြင်ပေးရတယ်’’ ဟု သမီးဖြစ်သူနှင့် ပတ်သက်၍ ဂရေဟမ်က ပြောသည်။

သြစတြေးလျနိုင်ငံတွင် အ ခြေချနေထိုင်တော့မည်ဖြစ်ကာ ကမ်းလှမ်းသည့် ဖျော်ဖြေပွဲတိုင်း တွင် မပါဝင်ဖြစ်သော်လည်း စက် တင်ဘာ ၂၈ ရက်တွင် အမျိုးသား ကဇာတ်ရုံ၌ ပြုလုပ်မည့် ပရဟိတ ဖျော်ဖြေပွဲတွင်  ပါဝင်ဖျော်ဖြေ ရန်  အစီအစဉ်ရှိကြောင်း ၎င်းက ပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top