iMyanmarHouse.com - Best Property Website for Myanmar
×



တစ်ယောက်ယောက်က Iggy Azalea ကို စိန်ခေါ်လိုပါက သူနဲ့ပါ ရင်ဆိုင်ရလိမ့်မယ်လို့ ရပ်ပါ T.I က Iggy Azalea ရဲ့မလိုမုန်းတီးသူတွေကို ထုတ်ဖော်ပြောဆို လိုက်ပါ တယ်။Iggy Azalea နဲ့ပတ်သတ်ပြီး အပြစ်တင် ပြောဆိုနေတဲ့လူတွေကိုလည်း T.I က စိတ်ကုန်နေပြီလို့ ဆိုပါတယ်။

“ဒီခေတ်ဒီအခါမှာ လူထုတစ်ရပ်လုံးက တရားမျှတမှုကို တောင်းဆိုတယ် ၊ မတရားမှုတွေကို ဖော်ထုတ်ပြောဆိုကြတယ် ၊ မျှတစွာ ဆက်ဆံတာ ခံချင်ကြတယ် ၊ တစ်စုံတစ်ယောက်က အကြောင်းပြချက်မရှိပဲ ဖိနှိပ်လာရင် အားလုံးစုပေါင်းပြီး ဆန့်ကျင်ကြတယ်။ ငါ သူနဲ့ အတူတူ ရှိနေတယ်။ တစ်ယောက်ယောက် သူနဲ့ပတ်သတ်ပြီး ပြသနာရှိနေတယ်ဆိုရင်တော့ တစ်ခုခုဖြစ်ပြီပဲ။ ဘာလို့လည်းဆိုတော့ ငါလာနေပြီ” လို့ T.I က Iggy Azalea ရဲ့ မလိုမုန်းတီးသူ တွေကို စိန်ခေါ်လိုက်ပါတယ်။


ယခင်လကလည်း T.I က Hot 107.5 Detroit ရေဒီယိုအစီအစဉ်တစ်ခုမှာ Iggy Azalea ကို နောက်ကွယ်က သီချင်းတွေရေးပေးနေတယ်ဆိုတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ သူမဟာ ကိုယ်ပိုင် အတွေးအခေါ်ရှိပြီး သူ့ပုံစံအတိုင်း တင်ဆက်သူဖြစ်တယ်လို့ T.I က ဆိုပါတယ်။

“ငါ သူ ရွတ်နေတဲ့ အမိုက်စား စာသားတွေ ရေးနိုင်မယ်ထင်လို့လား။ သူ အခုဖန်တီးနေသလိုမျိုး သူ ရဲ့ အတွေး တွေကို စကားလုံးတွေ အဖြစ်ပြောင်းလဲနိုင်စွမ်း ငါ့မှာမရှိပါဘူး။ သူဟာ သူရဲ့အနုပညာကို တင်ဆက်တဲ့အပိုင်းမှာ ကွဲပြားတဲ့ပုံစံရှိပါတယ်” လို့ T.I က Hot 107.5 Detroit ရေဒီယိုကို ပြောခဲ့ပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top