iMyanmarHouse.com - Best Property Website for Myanmar
×









ဗြိတိန်ဖက်ရှင်ကုမ္ပဏီ Burberry ၏ အားလပ်ရက် ကြော်ငြာလှုပ်ရှားမှုတွင် ဘောလုံးကြယ် ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် မော်ဒယ်ဗစ်တိုးရီးယားတို့၏ ချစ်စရာသားလေး ရိုမီယိုဘက်ဟမ်း မော်ဒယ်အဖြစ်ပါဝင်ခဲ့သည်။

ရိုမီယိုသည် ယင်းကုန်အ မှတ်တံဆိပ်အတွက် ယခင်က လည်း မော်ဒယ်လုပ်ပေးခဲ့ဖူး သည်။ သို့သော် ရိုမီယိုမှာ နာမည်ကြီးမော်ဒယ် ကိတ်မော့စ်၊ ကာရာတို့နှင့်   တစ်တန်းတည်း ဖြစ်လာသဖြင့် ၎င်းအပေါ် အများ က အာရုံစိုက်လာကြသည်။

ရိုမီယို၏ မျက်နှာမှာ မိခင် ဗစ်တိုးရီးယားနှင့် ဖခင်ဘက်ဟမ်း တို့၏ အလှများစုဝေးနေပြီး ချစ်စရာပါးချိုင့်လေးများ ပါရှိသည်။ ၎င်းပါဝင်ပေးခဲ့သော ကြော်ငြာများကို နိုဝင်ဘာလဆန်းတွင် ထုတ်လွှင့်မည်ဖြစ်သည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top