iMyanmarHouse.com - Best Property Website for Myanmar
×















သရုပ်ဆောင် မော်ဒယ်တစ်ယောက် အဖြစ် ရပ်တည်နေသည့် မေက အဆိုတော် ဘ၀ကို ၀ါသနာကြီးလွန်း သဖြင့် ၀ါသနာရှင် အဖြစ်ကနေ ပရော်ဖက်ရှင်နယ် ဖြစ်သည် အထိ ဇွဲမလျှော့ဘဲ ကြိုးစား သွားမည် ဖြစ်ကြောင်း ပြောသည်။

အခု ညီမရဲ့ သီချင်းခွေလေးလုပ် နေပါတယ်။ ကိုယ်က မော်ဒယ် သရုပ်ဆောင် ဆိုပေမယ့်လည်း ငယ်ငယ်တုန်း ကတည်းက ၀ါသနာကြီးခဲ့တာ။ သူများတွေ ကလည်း လုပ်ခိုင်းကြတယ်။ နောက်ပြီး ကိုယ့်ဟာ ကိုယ်ကျတော့လည်း တေးစီးရီးလေး တစ်ခုလည်း ထွက်ချင်တယ်လေ။ ၀ါသနာအရ ဆိုပေမယ့်လည်း ညီမက ပရော်ဖက်ရှင်နယ် အထိဖြစ်အောင် လုပ်မှာပါ။ ဒါပေမဲ့ ကော်မာရှယ်အရလည်း လုပ်တာ မဟုတ်ဘူး။ သီချင်းကို တီးတာ ကအစ ကိုယ်လုပ်ချင်တဲ့ ပုံစံကို လုပ်တယ်။ အဓိက ကိုယ်က ထုတ်ချင်တဲ့ အတွက် ကိုယ်တိုင် ဒါရိုက်တာ လို၊ ကိုယ်တိုင် ပရိုဂျူဆာလိုပေါ့။ ဖြစ်သလို လုပ်တာ  မဟုတ်ဘူး။ ဘာလို့လဲ ဆိုတော့ကိုယ့် အခွေလေးကောင်းအောင် လုပ်ချင်တာ။ 

ပရိသတ်လက်ထဲကိုလည်း ကောင်းတယ်ဆိုတဲ့ ဟာလေးကိုပဲ ပို့ပေးချင် တာပါ။ အခုခေတ်က အခွေတစ်ခွေ ထုတ်ရင် မြတ်တာ မမြတ်တာ ထက်ပေါ့လေ။ အခုခေတ် ထုတ်ကြတဲ့ အခွေတွေ ကလည်း မြတ်စရာ အကြောင်း လည်း မရှိပါဘူး။ ညီမက ကိုယ်ဆိုထားတာ လေးတွေကို နားထောင်စေချင်တာ။ ပရိသတ်သိရင် ကျေနပ်ပါပြီ။ သီချင်း ဆိုတာလည်း မော်ဒယ်အလုပ်၊ သရုပ်ဆောင် အလုပ်လို ပညာရပ်ချင်းက မတူဘူး။ မော်ဒယ်က မော်ဒယ်ပဲ။

 တကယ်တော့ သီချင်း ဆိုတာလည်း သူ့ပညာရပ် တစ်ခုပဲ။ လွယ်တာက မလွယ်ဘူး။ ပြောရရင် ဘယ်ပညာမှ မလွယ်ပါဘူး။ သီချင်း ဆိုတာလည်း ခံစားချက် အပြည့်နဲ့ နှစ်ပြီးလုပ်နိုင်မှသာ ပရိသတ် ရင်ထဲရောက်မယ်။ ညီမက တော့ သီချင်းကို ၀ါသနာအရ လုပ်တယ်။ ဒါပေမဲ့ အကောင်းဆုံးဆိုတာကိုပဲ လုပ်ထားပါတယ် ဟု မေက ပြောသည်။ မေသည် တစ်ကိုယ်တော် တေးစီးရီး ထွက်ရှိနိုင်ရန် ပြင်ဆင်နေပြီး၊ ယနေ့ခေတ်ပေါ် သီချင်း အမျိုးအစားများနှင့် ပေါ့ပ်၊ ရော့ခ်ပုံစံ များလည်း ပါဝင်ကြောင်း ပြောသည်။

Credit : Messenger

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top