iMyanmarHouse.com - Best Property Website for Myanmar
×













 



























ဒါရိုက်တာညိုမင်းလွင်ရိုက်ကူး တဲ့ ‘သွေးဆောင်ဖြားယောင်းတတ်သူကို ကျေးဇူးဆပ်ပါမည်’ ဆိုတဲ့ ဗီဒီယို ကားမှာ အလှမယ်မေမြတ်နိုးက ဖြိုးငွေစိုးနဲ့အတူ ပါဝင်သရုပ်ေ ဆာင်ထားပါတယ်။ ဒီကားလေးမှာ မေမြတ်နိုး က ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ရိုက်ကူးတာဖြစ်သလို၊ ပထမဆုံး စတင်ရိုက်ကူးတဲ့ဗီဒီယိုကား လည်းဖြစ်ပါတယ်။ ပထမဆုံးစရိုက်တဲ့ကားမှာ ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အမှတ် တရဖြစ်စေမယ့် ကားလေး ဖြစ်ကြောင်းလည်း မေမြတ်နိုးက ပြောပါတယ်။

“ဒီကားလေးမှာ မြတ်နိုးက ကာရိုက်တာနှစ်မျိုးနဲ့ သရုပ်ဆောင်ရပြီးတော့ ကျန်တဲ့ဇာတ်ဆောင်တွေကို လှည့်ဖြားတဲ့ပုံစံလေးပါ။ မေမြတ်နိုး ဆိုတဲ့ကောင်မလေးနေရာ ရယ်၊ မြတ်နိုးမေဆိုတဲ့ ကောင်မလေးနေရာက နေ သရုပ်ဆောင်ရမှာပါ။ ဒီကားလေးကစရိုက်ဖြစ်သွားတာက မြတ်နိုးcrown ရပြီး ပြန်လာတဲ့အချိန် မှာ လက်ကီးဘော့စ် ကနေ ကမ်းလှမ်းထားတာပါ။ အခုမှ ရိုက်ဖြစ်သွားတာပေါ့။ နောက်ထပ်လည်း လက် ကီးဘော့စ်နဲ့ ရိုက်ကူးပေးဖို့ နှစ်ကား၊သုံးကားလောက်ရှိမယ်။ ပြီးတော့ နောက်ထပ် ကမ်းလှမ်းမယ့် တခြားထုတ်လုပ်ရေးတွေနဲ့လည်း အတူတူအလုပ်လုပ်ချင်ပါတယ်။ ညီမငယ်ငယ်လေးကတည်းက ဝါသနာ ပါတာတော့အဆိုပေါ့နော်။ ဒါပေမဲ့ နည်းနည်း အသက်ကြီးလာတာနဲ့အမျှ သရုပ်ဆောင်ဘက်ကို ပိုပြီး သဘောကျတယ်။ ထူးဆန်းတာက လည်း ဒီကားလေးက မေမြတ်နိုး အကြောင်းလေးပေါ့။ မော်ဒယ် မေ မြတ်နိုးပေါ့။ မော်ဒယ်မေမြတ်နိုးဆိုတဲ့ ကောင်မလေးက ပျောက်သွားပြီးနောက်ထပ်ကောင်မလေးတစ် ယောက်ပုံစံနဲ့ မြတ်နိုးမေပါဆိုပြီး ကျန်တဲ့သူတွေကို လှည့်ဖြားတဲ့ပုံစံလေးပါ။ သရုပ်ဆောင်လုပ်ရင်းနဲ့ပဲသူငယ်ချင်းတွေနဲ့စုပြီးလုပ်တဲ့အခွေမှာ သီချင်းလေးပုဒ်ပါဝင်သီဆိုထားပြီး ကိုယ်ပိုင် album ကိုတော့ နောက်နှစ်လောက်မှပဲ လုပ်ဖို့စီစဉ်မယ်လို့ ပြောပြခဲ့ပါတယ်။”


Credit : Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top