iMyanmarHouse.com - Best Property Website for Myanmar
×









အင်တာနက်ပေါ်မှာ Facebook တို့ Instagram တို့ သုံးကြတဲ့အခါ မိမိတို့ရဲ့ account တွေကို ပြန်စစ်ဆေးကြည့်ပါ။ Wall ပေါ်မှာ ပေါ်လာသမျှ တော်တော်များများက ကိုယ်နဲ့ ကိုယ့်ချစ်သူအကြောင်းတွေ ဓာတ်ပုံတွေပဲဖြစ်နေရင်တော့ တခြားသူငယ်ချင်းတွေအတွက် စဉ်းစားပေးဖို့ လိုအပ်နေပါပြီ။ အောက်ဖော်ပြပါ ဆောင်ရန်ရှောင်ရန်လေးတွေကို ဖတ်ပြီး လိုက်နာကြည့်လိုက်ရအောင်။

 ၁။ ချစ်သူနှစ်ယောက်ကြားမှာရှိတဲ့ ရှိရှိသမျှအားလုံး အင်တာနက်ပေါ်က သူငယ်ချင်းတွေကို အသိပေးဖို့ လိုအပ်ပါသလား။ နေ့စဉ်နဲ့အမျှ ချိန်းတွေ့ကြတာတွေ ဥပမာ – အတူတူညစာစားတာ၊ ကော်ဖီထွက်သောက်တာ၊ မှန်ထဲကနေ selfie ရိုက်တာ ဒါတွေအားလုံးကို အင်တာနက်ပေါ် နေ့တိုင်း share နေမယ်ဆိုရင် ချစ်စရာကောင်းတဲ့စုံတွဲ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တခြားလူတွေအားလုံးကိုတော့ မသိမသာနဲ့ ဘေးချိတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။

၂။ အတွင်းကျကျမိတ်ဆွေ မဟုတ်တဲ့လူတွေကို ကိုယ်နဲ့ကိုယ့်ခင်ပွန်း သာယာကြည်နူးနေတဲ့အကြောင်းတွေ အသေးစိတ်ပြောပြချင်ပါသလား။ မိတ်ဆွေအရင်းအချာမဟုတ်တဲ့ လူတွေအများကြီး အင်တာနက်ပေါ်မှာ ရှိနေကြပါတယ်။ ဒါကြောင့် share လုပ်မယ့် အကြောင်းအရာတစ်ခုက လူတိုင်းနဲ့ မျှဝေဖို့ သင့်တော်ပါ့မလားဆိုတာ အရင်စဉ်းစားပါ။

၃။ အင်တာနက်ပေါ်မှာ အသေးစိတ်အချက်အလက်တွေကအစ မျှဝေတာကို ကိုယ့်ချစ်သူအနေနဲ့ အဆင်ပြေပါ့မလား။ Relationship အကြောင်း အသေးစိတ် အင်တာနက်ပေါ်မှာ တင်ချင်တယ်ဆိုရင် ကိုယ့်ချစ်သူကို ပွင့်ပွင့်လင်းလင်း မေးတာကောင်းပါတယ်။ ကိုယ်ရေးကိုယ်တာကိစ္စဆိုတာ လေးစားရမှာပေါ့။

၎။ အချစ်ရေးပြဿနာကို အင်တာနက်ပေါ်မှာ လူတကာသိအောင် ပြောလိုက်ရုံနဲ့ အဖြေပေါ်လာမယ်လို့ ထင်ပါသလား။ သူတပါး လက်ညှိုးထိုးခံရအောင် မလုပ်ပါနဲ့။ ချစ်သူနှစ်ယောက်ကြားက ဖြေရှင်းစရာ ပြဿနာတစ်ခုခုရှိလာရင် ဖုန်းချပြီး မျက်နှာချင်းဆိုင် ဖြေရှင်းကြပါ။

Credit : Gandawin

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top