iMyanmarHouse.com - Best Property Website for Myanmar
×










ဗြိတိန်နိုင်ငံမှာ ချစ်သူ ရှိပြီးသား အမျိုးသမီး ဦးရေ ၂၀၀၀ ကို စစ်တမ်းကောက်ခဲ့ရာ ၄၃ ရာခိုင်နှုန်းသော အမျိုးသမီးတို့မှာ အကြောင်းအမျိုးမျိုးကြောင့် လက်ရှိ တစ်ယောက်နဲ့ ပျက်သွားပါက နောက်ထပ် တွဲမယ့် နောက်ရည်းစား တစ်ယောက် (အရန်) ရှိနှင့်ပြီးသား ဖြစ်ကြောင်း သိရ ပါတယ်။ ဒါဟာ ဗြိတိန်မှာ လုပ်တဲ့ စစ်တမ်းပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ရာခိုင်နှုန်း အနည်းအများ ကွဲပြား ပါလိမ့်မယ်။

စစ်တမ်းအရ သူတို့ရဲ့ အရန် (နံပါတ် ၂) ဟာ လုပ်ငန်းခွင်၊ အားကစား လေ့ကျင့်ရုံ တို့မှ အများဆုံး တွေ့ရပြီး၊ အမျိုးအစား ကတော့ ပြောမနာ ဆိုမနာ သူငယ်ချင်း အရင်းများ၊ နှစ်ကြာကြာခင်မင်သော သူငယ်ချင်းများ ဖြစ်ပါတယ်။ နောက် ထပ် ဖြစ်နိုင်ချေ ကတော့ အရင် ရည်းစားဟောင်း၊ အမျိုးသားဟောင်းတို့ ဖြစ် ပါတယ်။ ဒီတော့ အမျိုးသားများ အနေနဲ့ ချစ်သူ ရည်းစား ရွေးတဲ့ အခါ သေချာ စဉ်းစား ဆုံးဖြတ်ရန် လိုအပ်ကြောင်း ဆိုပါတယ်။ ယင်း စစ်တမ်းကို OnePoll.com က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားကိုတော့ စစ်တမ်း မကောက်ရသေး ပါဘူး။

အကယ်၍ စစ်တမ်း ကောက်ရင် အမျိုးသား ရာခိုင်နှုန်း အမျိုးသမီးတွေ ထက်တောင် ပိုများနိုင်ခြေ ရှိကြောင်း ခန့်မှန်း ပြောဆိုထားကြ ပါတယ်။

Credit : innewsmyanmar

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top