iMyanmarHouse.com - Best Property Website for Myanmar
×

အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ အ၀လွန်ခြင်း နဲ့ နှလုံးရောဂါတွေကို ကာကွယ်ဖို့အတွက် မိမိ အလုပ်စားပွဲမှာပဲ တစ်နေ့ကို အနည်းဆုံး ၁ နာရီ မတ်တပ်ရပ်ပေးသင့်တယ်လို့ ထိပ်တန်းကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ရုံးခန်းမှာ တစ်နေ့ကို ၆ နရီ  အထိ ထိုင်ပြီး အလုပ်လုပ်ခြင်းဟာ ကျန်းမာရေးအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်စေတယ်လို့ ပရော်ဖက်ဆာ Kevin Fenton က ပြောပါတယ်။ အလုပ်မှ ခေတ္တ ရပ်နားခွင့်ရတဲ့ အားလပ်ချိန်တွေမှာ မတ်တပ်ရပ်ပြီး မိတ်ဆွေတွေနဲ့တွေ့ဆုံတာမျိုး ၊ ကော်ဖီသောက်တဲ့ အချိန်မှာ မတ်တပ်ရပ်ပြီးသောက်တာမျိုး ၊ နေ့လည်စာကို မတ်တပ်ရပ်ရင်းသုံးဆောင်တာမျိုး တွေကိုလုပ်ဆောင်ပြီး အလုပ်မှာ ခေတ္တ မတ်တပ်ရပ်ဖို့လိုအပ်တယ်လို့ ပရော်ဖက်ဆာကဆိုပါတယ်။

လှုပ်ရျားနေခြင်းဟာလည်း ကင်ဆာ ၊ နှလုံးရောဂါနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအတွက် အကောင်းဆုံး ကုသမှုလို့လည်းဆိုပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသမီး ၄၀ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသား သုံးပုံတစ်ပုံ ဟာ တစ်ပတ်မှာ မိနစ် ၃၀ စာ လေ့ကျင့်ခန်း ၅ ကြိမ်လုပ်သင့်တယ်ဆိုတဲ့ အချက် ကို မလိုက်နာနိုင်ကြဘူးလို့ NHS က ဖော်ပြထားပါတယ်။

Havard Academy ရဲ့ပြောကြားချက်အရတော့ အချိန်ကြာရှည်စွာ ထိုင်နေခြင်းဟာ ဆေးရွက်ကြီးကဲ့သို့ ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေတဲ့အပြင် ကမ္ဘာတစ်ဝှမ်းမှာ လူတွေ သေဆုံးမှု မြင့်တက်လာတဲ့အပေါ် တိုက်ရိုက် တာဝန်ရှိနေတယ်လို့သိရပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top