iMyanmarHouse.com - Best Property Website for Myanmar
×

ကနေဒါနိုင်ငံက တရားလိုတစ်ယောက်ရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုနဲ့ တရား စွဲထားတာကို ရုတ်သိမ်းလိုက်တဲ့အတွက် Justin Bieber ဟာ ကျေးဇူးတင်နေမိပါတယ်။ အဆိုတော် Justin Bieber ဟာ ၂၀၁၃ ခုနှစ်က Toronto မှာ မှန်လုံကား ယာဉ်မောင်းတစ်ဦးကို တိုက်ခိုက် ခဲ့တယ်လို့စွပ်စွဲခံခဲ့ရတာပါ။

အခင်းဖြစ်ပွားစဉ်က ထိုကားထဲမှာ ခရီးသည်တွေအများကြီးပါဝင်ပါတယ်။ တရားလိုတွေဟာ တိုက်ခိုက်မှုအတွက် Justin Bieber မှာ တာဝန်ရှိတယ်လို့ သက်သေပြနိုင်မယ့် အကျိုးအကြောင်းဆီလျော်တဲ့ သံသယကို မပြနိုင်ခဲ့ပါဘူး။

တရားလို David Mitchell ဟာ တရားရုံးကို တင်ပြခဲ့ရာမှာ ဒီအမှုကို ဆက်လက်ရှည်ကြာအောင် မရွှေ့ချင်တော့တာနဲ့ Justin Bieber အပြစ်ရှိကြောင်း ခိုင်လုံတဲ့သက်သေ မပြနိုင်တဲ့အတွက် လည်းဖြစ်တယ်လို့ ပါဝင်လာပါတယ်။

Justin Bieber ဟာ ဇူလိုင်လက ကယ်လီဖိုးနီးယားမှာ အိမ်နီးချင်း အိမ်တစ်အိမ်ကို ကြက်ဥ တွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် လက်သရမ်းမှုနဲ့ အရေးယူခံခဲ့ရသလို သြဂုတ်လမှာလည်း Miami ကမ်းခြေမှာ ပေါ့ဆစွာ ကားမောင်းမှုနဲ့ အပြစ်အတွက် အသနားခံခဲ့ရပါသေးတယ်။ ပြီးခဲ့တဲ့လ ကလည်း သူ့ရဲ့ ဇာတိဖြစ်တဲ့ ကနေဒါနိုင်ငံ Ontario မြို့မှာ သူ့ရဲ့မီနီဗင် ကားလေးကို အန္တရာယ်ရှိစွာမောင်းနှင် ခဲ့တဲ့အတွက် ဒါဏ်ငွေဆောင်ခဲ့ရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top