iMyanmarHouse.com - Best Property Website for Myanmar
×









အဆိုတော်၊ သရုပ်ဆောင် စန်္ဒီမြင့်လွင်က အလုပ်နှစ်ခုစလုံးကို ပိုင်နိုင်အောင် လုပ်ဆောင်တတ် သော်လည်း သရုပ်ဆောင်ရာတွင် နေရာတစ်ခု ရနိုင်မှသာ လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ပြောသည်။

 အခုကတော့ အဆိုပိုင်းကို ပိုပြီးလုပ်ဖြစ်နေတယ်။ အခုလည်း “ကလီယိုပတ်ထရာ”အခွေကို MTV ရိုက်နေတယ်။ နောက်ပိုင်း မှာလည်း သရုပ်ဆောင်တာ ထက် အဆိုကိုပဲ ဦးစားပေး လုပ်မှာပါ။ သရုပ်ဆောင်အလုပ်ကို ဒီဒီနဲ့ လိုက်ဖက်မယ်ထင်တဲ့ ကာရိုက်တာကို ရိုက်မယ်။ ဒီဒီကို ကမ်းလှမ်း လာရင် လုပ်ပါမယ်။ ဒါပေမဲ့ ဒီဒီအတွက် နေရာရမယ် ဆိုရင်တော့ ရိုက်ဖြစ်မှာပါ။ ပရိသတ်က အခု ရုံတင်ပြီးသွားတဲ့ “မော်ဒယ်ရာဇ၀င် ကားကို အားပေး ကြတယ်ပေါ့နော်။ အရိုက်နည်းတဲ့ကြားက ကိုယ်ပါတဲ့ ဇာတ်ကား ရုံတင်ပြီးကောင်းတယ် ဆိုတော့လည်း နောက်ထပ်လည်း ကမ်းလှမ်းရင် ကမ်းလှမ်းပါ ပေါ့နော်။ ရုံကြီးကားအနေနဲ့ အရမ်းပေါက်တယ် ဆိုတော့ ၀မ်းသာပါတယ်။ ဘာပဲပြောပြောလေ ကိုယ့်အတွက် နေရာရတဲ့ ကားလေးလည်း ဖြစ်တယ်။ ရုပ်ရှင်ကားကြီးဆိုရင် နည်းနည်းပါးပါး လုပ်ကွက်တစ်ခုစီပဲ ရှိကြတယ်လေ။ အခုလို ၀င်ပြီး ရိုက်ကူးရတဲ့ အတွက် ဒရမ်မာတွေကြားထဲမှာ ဟာသဇာတ်က ပေါက်တယ်။ ကိုယ်လည်း ပါဝင်ရတော့ ၀မ်းသာပါတယ်။ ဒီဒီတို့ ပြင်ဦးလွင်မှာ တစ်လကျော်လောက် ရိုက်ရတဲ့ ရုပ်ရှင်ကားကြီးပေါ့။ ဒီဒီအတွက်လည်း အမှတ်တရ ဖြစ်ခဲ့ပါတယ် ဟု စန်္ဒီမြင့်လွင်က ပြောသည်။ စန်္ဒီမြင့်လွင်သည် တတိယမြောက် တစ်ကိုယ်တော် အခွေဖြစ်သည့် “ကလီယိုပတ်ထရာ”အခွေကို MTV အဖြစ် ပုံဖော်နေကြောင်း ပြောသည်။

Credit: The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top