iMyanmarHouse.com - Best Property Website for Myanmar
×










ဧပြီလအတွင်းက လာ ရောက်ဖျော်ဖြေခဲ့သော ကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် M.I.B အဖွဲ့၏ Solo Concert ကို စက်တင် ဘာနောက်ဆုံးပတ်၌ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပပြု လုပ်သွားမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲကို မြန်မာ နိုင်ငံကြက်ခြေနီအသင်းရန်ပုံငွေ အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး မန္တ လေးမြို့၌ စက်တင်ဘာ ၂၆ ရက်တွင် ဒိုင်းမွန်းစင်တာအပေါ် ထပ်၌လည်းကောင်း၊ ရန်ကုန်မြို့ ၌ စက်တင်ဘာ ၂၈ ရက်တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ လည်းကောင်းပြုလုပ်မည်ဖြစ် သည်။

‘‘ရန်ကုန်နဲ့ မန္တလေးနှစ်ပွဲ လုပ်ဖြစ်တာက ရန်ကုန်မှာတော့ ဧပြီလတုန်းက လုပ်ပြီးပြီ။ အဲဒါ ကြောင့် ဖျော်ဖြေတင်ဆက်မှု အသစ်တွေ လုပ်ပြချင်တယ်။ မန္တလေးမှာတော့ ကေပေါ့ပ်က မရောက်သေးဘူး။ အဲဒါကြောင့် မန္တလေးမှာလည်း ကေပေါ့ပ်ကို ထိုးဖောက်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ပါ’’ဟု ယင်းဖျော်ဖြေပွဲစီစဉ်ကျင်း ပသည့် လရိပ်ဝါကုမ္ပဏီမှ မ ဆောင်းသက်ဇွန်စိုးကပြောသည်။

ဧပြီလအတွင်းက ပြုလုပ်ခဲ့ သော ဖျော်ဖြေပွဲတွင် M.I.B အဖွဲ့ သည် ပရိသတ်အများဆုံးအားပေး မှုရရှိခဲ့ပြီး ယခုဖျော်ဖြေပွဲတွင် M.I.B အဖွဲ့နှင့်အတူ အမျိုးသမီး ဆယ်ကျော်သက် ကေပေါ့ပ်အဖွဲ့ တစ်ဖွဲ့ဖြစ်သည့် 4 Ten အဖွဲ့ လည်း ပါဝင်ဖျော်ဖြေမည်ဖြစ် ကြောင်း ၎င်းကပြောသည်။

လက်မှတ်ခဈေးနှုန်းများကို ရန်ကုန်တွင် ကျပ်ခုနစ်သောင်း နှင့် ကျပ်သုံးသောင်း နှစ်မျိုးသတ် မှတ်ထားပြီး မန္တလေးဖျော်ဖြေပွဲ တွင် ကျပ် ငါးသောင်းတန်လက် မှတ်များကိုပါရောင်းချပေးသွား မည်ဖြစ်သည်။

‘‘မန္တလေးပွဲအတွက် လက် မှတ်တွေကိုတော့ စက်တင်ဘာ  ၆ ရက်မှာ စ၀ယ်လို့ရပါပြီ။ ရန် ကုန်ပွဲအတွက်ကိုတော့ နောက် ရက်မှာ စရောင်းပေးမှာပါ’’ဟု  မဆောင်းသက်ဇွန်စိုးက  ပြော သည်။

Credit : 7day daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top