iMyanmarHouse.com - Best Property Website for Myanmar
×














ဒီဇိုင်နာသက်တမ်း ၁၇ နှစ်ရှိပြီဖြစ်သလို မြန်မာနိုင်ငံရဲ့ ထိပ်တန်းဒီဇိုင်နာတစ်ဦးအဖြစ်လည်း လူသိများတဲ့ မပုံ့ (My Favourite) ရဲ့ ဖက်ရှင်ဒီဇိုင်းတွေဟာ ထူးခြားဆန်းပြားသလို ဖန်တီးမှုတွေနဲ့ အမြဲ ပြည့်နေခဲ့တာပါ။ သူမနဲ့ MFDG ပွဲမှာ တွေ့ဆုံခိုက် မြန်မာနိုင်ငံရဲ့ ဖက်ရှင်ဒီဇိုင်နာလောကကြီး အကြောင်း မေးမြန်းကြည့်လိုက်တော့ “ ခုလက်ရှိအခြေအနေဟာ အရင်ကထက်စာရင် မတို့ မြန်မာဖက်ရှင်ဒီဇိုင်နာလောကကြီး ပိုတိုးတက်လာတယ်။ အရင်ထက်ပိုပြီး ပြည်ပမှာလဲ ပွဲတွေ သွားလုပ်နိုင်လာတယ်။ မြန်မာနိုင်ငံမှာလဲ အများကြီး ပြောင်းလဲလာတယ်။ ဒါပေမဲ့လဲ နောက်ထပ် ဒီဇိုင်နာတွေ ထပ်ထပ်ပြီး မွးဖွားလာဖို့ကို မကတော့ မျှော်လင့်တယ်။” လို့ သူမက သုံးသပ်သွားပါတယ်။

ဟိုးအရင်ကတည်းက  တောက်လျှောက်ချုပ်ပေးဖြစ်ခဲ့တဲ့ သက်မွန်မြင့်၊ ခင်လေးနွယ်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ မိုးယုစံ၊ မိစန္ဒီ၊ ခင်ဝင့်ဝါ၊ ထက်ထက်၊ စန္ဒီမြင့်လွင့်၊ နီနီခင်ဇော် စတဲ့ အနုပညာရှင်တွေနဲ့ လိုက်ဖက်မှုလည်း ရှိမယ်၊ သူတို့လည်း စိတ်ကြိုက်ဖြစ်စေမယ့် ဒီဇိုင်းတွေကို စဉ်းစားဖန်တီးနိုင်ခဲ့တဲ့ မပုံ့က အဲ့ဒါနဲ့ပတ်သက်ပြီး “အစ်မက အစ်မချုပ်မဲ့ဝတ်စုံကို ကိုယ်လုပ်ချင်တာကြီးပဲ ဦးစားမပေးဘူး။ ကိုယ်ဝတ်မဲ့ မော်ဒယ်လ်၊ မင်းသမီး ဒါမှမဟုတ် customer နဲ့လိုက်ဖက်တဲ့ အရာကို ချုပ်ပေးတာ များတယ်။ သူတို့အသားရေ ၊ အရပ်အမောင်း ၊ သွားမဲ့ပွဲပေါ့။ အဲလိုလေးတွေချိန်ပြီးမှ ဒီဇိုင်းကို ထုတ်တာများတော့သူ့ဟာနဲ့သူအံဝင်ခွင်ကျ ဖြစ်နေတာပေါ့နော်။ အဓိကကတော့ မက ဘယ်သူ့ပေါ်မှာမဆို စိတ်စေတနာထားပြီး လုပ်တယ်။ ဒါကတော့ မစိတ်ရင်းတိုင်းပဲ လုပ်တာများတယ်။ ငါ့ဟာလေး အောင်မြင်ပါစေဆိုတဲ့စိတ်နဲ့လုပ်တာ မဟုတ်ဘူး။ မတီထွင်ခဲ့တာ မှန်သမျှပေါ့။” လို့ သူမက ဆိုပါတယ်။

 ဖက်ရှင်ဒီဇိုင်းနာပညာနဲ့ ပတ်သတ်ပြီး သင်တန်းသူတွေကို သင်ကြားပေးတာထက် ကိုယ့်ကိုကိုယ်သာ ပြန်လည် train လုပ်ဖြစ်နေတဲ့ သူမက အသက်ကြီးလာတဲ့အချိန်ကျရင်တော့ သူမ တတ်ထားတဲ့ ပညာရပ်ကို ပညာဒါနအနေနဲ့ ပေးသွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top