iMyanmarHouse.com - Best Property Website for Myanmar
×











Harry Potter ဇာတ်လမ်းတွေမှာ Hermione အဖြစ် သရုပ်ဆောင်ပြီး ကျော်ကြားလာခဲ့တဲ့ ကောင်မလေး  Emma Watson ဟာ ကုလသမဂ္ဂ အဖွဲ့ရဲ့ Goodwill သံတမန်အဖြစ် ဆောင်ရွက်နေပြီး စနေနေ့က နယူယော့ခ်မှာ ပြုလုပ်တဲ့ HeForShe ပွဲတစ်ခုကို တက်ရောက် ခဲ့ပါတယ်။ အဲဒီပွဲမှာ Emma Watson ဟာ ယောကျာ်း၊မိန်းမ  တန်းတူမညီမျှမှု တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းတစ်ခုပြောခဲ့ပါတယ်။

အသက်၂၄နှစ်အရွယ် Emma Watson ဟာ ကုလ သမဂ္ဂ ဋ္ဌာနချုပ်မှာ ပြူလုပ်တဲ့ပွဲမှာ သူမဟာ လိင်မှုကိစ္စကို အသက်ရှစ်နှစ် အရွယ်ကတည်းက အတွေ့အကြုံရှိခဲ့တယ်လို့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။ သူမ ၁၅ နှစ် အရွယ်မှာ သူမရဲ့ မိန်းကလေးသူငယ်ချင်းတွေဟာ ကြွက်သားတွေ ပေါ်မှာကြောက်တဲ့အတွက် သူတို့ရဲ့ အားကစားအဖွဲ့တွေကနေ ထွက်ခဲ့ရပြီး အသက်၁၈နှစ် အရွယ်မှာတုန်းက ယောက်ျားလေး သူငယ်ချင်းတွေဟာ သူတို့ရဲကခံစားချက်တွေကို ဖော်ပြနိုင်စွမ်း မရှိခဲ့ဘူး လို့  Emma Watson က ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ HeForShe အစီအစဉ်ဟာ ယောက်ျား၊မိန်းမ တန်းတူညီမျှရေးအတွက် ကျင်းပနေတာဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ကလည်း ယောက်ျားမိန်းမ တန်းတူညီမျှရေးအတွက် အချို့နိုင်ငံတွေမှာ တိုးမြှင့်ဆောင်ရွက်မှုတွေပြုလုပ်နိုင်ရန် အင်တာနက် မြေပုံတစ်ခုကို ပြုလုပ်နေတယ်လို့သိရပါတယ်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top