iMyanmarHouse.com - Best Property Website for Myanmar
×











ကျွန်ုပ်တို့အားလုံး စိတ်ပူပန်မှုကို တစ်ချိန်မဟုတ် တစ်ချိန် ခံစားကြရသည်။ အလုပ်တွင်ဖြစ်စေ၊ အိမ်တွင်ဖြစ်စေ အချို့အခြေအနေများကြောင့် စိတ်ပူပန်သောကရောက်ရခြင်းများ ဖြစ်ပေါ်လာပြီး ရုတ်တရက်လည်း ပျောက်မသွားတတ်ပေ။ သို့သော် ယင်း ပူပန်သောကများ သင့်ဘ၀ကို လွှမ်းမိုးမသွားပါစေနှင့်။ အောက်ပါရိုးရှင်းသော နည်းလမ်းများဖြင့် ကိုင်တွယ်နိုင်ပါသည်။


မည်သည့်အရာက သင့်ကို ပူပန်သောကဖြစ်စေပါသနည်း။

အလုပ်မှ လူအများရှေ့တွင် ရှင်းလင်းပြောပြရခြင်းလား၊ လူအများ တိုးဝှေ့သွားလာချိန် ဘတ်စ်ကား တိုးစီးရခြင်းလား၊ အကြောင်းရင်းကို ရှာဖွေပါ။ ယင်းကို ကိုင်တွယ်နိုင်မည့် နည်းလမ်းကို ရှာဖွေပါ။ လူအများရှေ့စကားပြောနည်း နည်းနာများနှင့် အကျိုးကျေးဇူးများ ကို ဆင်ခြင်လိုက်ပါ။ ဘတ်စ်ကားမစီးဘဲ ရထားစီးလျှင် အဆင်ပြေနိုင်မည်လား စဉ်းစားပါ။ အခြားနည်းလမ်း၊ လမ်းကြောင်းကို ရှာဖွေကြည့်ပါ။

စိတ်ပညာရှင်များပြောသော အခြားနည်းလမ်း တစ်ခုမှာ သင်မ ထိန်းချုပ်နိုင်သော အခြေအနေတစ်ရပ်က သင့်အား တစ်နေကုန် နှိပ်စက်စေမည့်အစား ယင်းကိစ္စအပေါ် ပူပင်သောကရောက်ရန် ၁၀ မိနစ်၊ ၁၅ မိနစ် အချိန်ပေးလိုက်ပါ။ ထိုအချိန်တွင် သင့်ပူပန်မှုများအားလုံးကို သွန်ချပါ။ ယင်းနောက် ထိုအချင်းအရာက မိမိကို ဒုက္ခမပေးအောင် သတိဖြင့် ဆင်ခြင်နေလိုက်ပါ။

လက်ရှိအချိန်ကို အတိတ်နှင့် အနာဂတ်အတွက် ပူပန်မှုများနှင့် အချိန်မဖြုန်းပါနှင့်။ ယခုလက်ရှိ အချိန်ကိုသာ အာရုံစိုက်နေလိုက်ပါ။ ပူပန်သောကဖြင့် သင်၏ လက်ရှိအချိန်ကို ဖြုန်းပစ်ဖို့ရန် မထိုက်တန်ပါ။

တစ်နှစ်လောက် အချိန်ရသော ကိစ္စတစ်ခုကို ကြိုတင်တွေးပူ မနေပါနှင့်။ ထိုမျှလောက်အချိန်ပေးရန် ထိုက်တန်မည်မဟုတ်ပါ။

သင့်ကို ပူပန်စေသော အကြောင်းအရာကို ယုံကြည်စိတ်ချရသော သူတစ်ယောက်ထံ ဖွင့်ဟတိုင်ပင်မျှတကြည့်ပါ။ အခြားလူတစ်ဦး၏ ထင်မြင်ချက် မတူကွဲပြားသော အမြင်တစ်မျိုးရရှိပြီး ယင်းမှနေ၍ အကြောင်း အရာ အရေးကိစ္စများကို သီးခြားရှုထောင့်မှ မြင်တွေ့ရန် အထောက်အကူဖြစ်နိုင်ပါသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top