iMyanmarHouse.com - Best Property Website for Myanmar
×

လူကြမ်းတစ်ယောက်ရဲ့ဒိုင်ယာရီ ရုပ်ရှင်ကားကြီးမှာ ထားထက်ထက် သရုပ်ဆောင်နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး သူမကို တွေ့ဆုံမေးဖြစ်ခဲ့တာကတော့

ထားထက်ထက် သရုပ်ဆောင်ရမယ့် ကာရိုက်တာလေးပြောပြပေးပါလား။

ညီမက ဂိုဏ်းစတားတစ်ယောက်ပုံစံ သရုပ်ဆောင်ရမှာပါ။ ခရစ်ယာန်လူမျိုး။ အန်ကယ်လေး(လူမင်း)ရဲ့ သမီးနေရာက သရုပ်ဆောင် ရတာပါ။

ပထမဦးဆုံး ရိုက်ရတဲ့ ရုပ်ရှင်ဆိုတော့ ရိုက်ရတဲ့ စိတ်ခံစားချက် ဖီလင်ဘယ်လိုဖြစ်နေမလဲ။

အရမ်းရင်ခုန်ပါတယ်။ ပထမဆုံးရုပ်ရှင်ကားကြီးဖြစ်တဲ့အတွက် အမှားမရှိအောင် အကောင်းဆုံးကြိုးစား သွားမှာပါ။

ကိုယ့်အတွက် လုပ်ကွက်ရလို့ လက်ခံဖြစ်သွားတာမျိုးလား။

အဲဒီလိုတော့မဟုတ်ပါဘူး။ ဇာတ်လမ်းက အရမ်းကောင်းပါတယ်။ အများနဲ့မတူပဲ နည်းနည်း ကွဲပြားနေတဲ့ ဇာတ်လမ်းလေးမို့လို့ပါ။ တစ်ခြားကားတွေနဲ့ မတူပဲ ထူးခြားတဲ့ကားလို့ ပြောလို့ရတယ်လေ။ နောက်ပြီး ကာရိုက်တာကလည်း ညီမကြိုက်တဲ့ ကာရိုက်တာဖြစ်နေလို့ပါ။ 

သရုပ်ဆောင်ဖို့အတွက် လေ့လာမှုအနေနဲ့ ဘယ်လိုတွေ လေ့ကျင့်ခဲ့ရသေးလဲ။

လိုအပ်တာမှန်သမျှ အကုန်လေ့လာခဲ့ပါတယ်။ ရိုက်ကွင်းမှာလည်း ကိုယ့်ရဲ့စီနီယာတွေက သေသေချာချာလေး သင်ပေးကြပါတယ်။ အဲဒီ့အတွက်လည်း အခု နောက်ပိုင်းသရုပ်ဆောင်ရတာ အရမ်းအဆင်ပြေပါတယ်။ အခက်အခဲတွေကတော့ မရှိပါဘူး။ ခရစ်ယာန်လူမျိုးတွေ နဲ့ ပတ်သက်ပြီးတော့ပဲ သူတို့ရဲ့အကြောင်းအရာတွေနဲ့ ဘုရားရှိခိုးတာတို့ကို သေသေချာချာလေး လေ့လာဖြစ်ခဲ့ပါတယ်။

ဒီကားလေးနဲ့ ပတ်သက်ပြီး ပရိသတ်ကြီးကို ပြောချင်တာရှိမလား။

အဓိကကတော့ ဝေဖန်ပေးစေချင်တာပါပဲ။ ညီမပါဝင် သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားကြီးကို ကြည့်ပြီးတော့ ညီမကို ဝေဖန်အကြံပေးကြပါလို့ ပြောချင်ပါတယ်။

နောက်ပိုင်းမှာရော ထုတ်လုပ်ရေးတိုက်တွေနဲ့ စာချုပ်ချုပ်ပြီး ရိုက်သွားဖို့ရှိမလား။

ညီမလောလောဆယ်မှာတော့ စာချုပ်တော့ ချုပ်ဖြစ်မယ်လို့ မထင်ပါဘူး။ ကမ်းလှမ်းတာတွေတော့ ရှိပါတယ်။

စာချုပ်ချုပ်တာကို လက်မခံပဲငြင်းရတဲ့ အဓိက အကြောင်းအရင်းရှိမလား။

ဘာကြောင့်မှတော့ မဟုတ်ပါဘူး။ သေသေချာချာလေး လုပ်ချင်တာကြောင့်ပါ။ ပရိသတ်ကို မက်ဆေ့ခ်ျချပြပေးနိုင်တဲ့ ဇာတ်ကားကောင်းကောင်းလေးတွေပဲ ရိုက်ပြချင်လို့ပါ။ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုတော့ရှိပါတယ်။ ဇာတ်ကားတွေလည်း ရိုက်ချင်ပါတယ်။ နောက်ပိုင်းတော့ လက်ခံဖြစ်မလား မသိသေးပါဘူး။

ပရိသတ်အတွက်စ ကားလက်ဆောင်ပြောပေးပါဦး။

ပရိသတ်ကြီးကို အရမ်းချစ်ပါတယ်။ ထားထက် အခုထက်ပိုပြီး အဆပေါင်းများစွာကြိုးစားသွားမှာပါ။ ပရိသတ်ကိုလည်းမက်ဆေ့ခ်ျကောင်းကောင်း ပေးနိုင်တဲ့ ဇာတ်ကားလေးတွေ ရိုက်သွားချင်ပါတယ်။ ပရိသတ်ကြီးက ဝေဖန်အကြံပေးကြပါ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top