iMyanmarHouse.com - Best Property Website for Myanmar
×














အလှမယ်အဖြစ်မှ သရုပ်ဆောင်လောကထဲသို့ ဝင် ရောက်လာသော ခင်ဝင့်ဝါက ဇာတ်ကားရိုက်ကူးမှုများနှင့်ပတ် သက်၍ ဗီဒီယိုထုတ်လုပ်ရေးနှစ် ခုနှင့် ဇာတ်ကားဆယ်ကားစီရိုက် ကူးရန် စာချုပ်ချုပ်ထားသည်ဟု ဆိုသည်။

သရုပ်ဆောင် ခင်ဝင့်ဝါသည် သစ္စာနှင်းဆီ  ထုတ်လုပ်ရေး၊ ရွှေစင်ဦးထုတ်လုပ်ရေးတို့နှင့် ဆယ်ကားစီစာချုပ်ချုပ်ထားသည့် အပြင် ဒါရိုက်တာကြည်ဖြူသျှင် နှင့်လည်း တစ်လလျှင် ဇာတ်ကား တစ်ကားပုံမှန်ရိုက်ဖြစ်နေကြောင်း သိရသည်။

‘‘စာချုပ်ချုပ်ထားတာက တော့ ခုနက ပြောသွားတဲ့နှစ်ခုပါ။ မကြည်ဖြူသျှင်နဲ့ကတော့ စာချုပ် ချုပ်ထားတာမရှိပါဘူး။ ဒီကြားထဲ မှာ တခြားထုတ်လုပ်ရေးတွေနဲ့ ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းလာ ရင်လည်း ရိုက်ဖြစ်သွားမှာပါ။ ညီမကို သူတို့နားလည်မှုပေးထား ပါတယ်’’ဟု စာချုပ်ချုပ်ထားသော် လည်း နားလည်မှုအရ အခြား ထုတ်လုပ်ရေးများနှင့် ရိုက်ကူး မည့်အကြောင်း ခင်ဝင့်ဝါက ပြော သည်။ သရုပ်ဆောင်ပိုင်းနှင့်ပတ် သက်၍ အသစ်တစ်ဦးဖြစ်နေသည့် အတွက် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မှုမရှိကြောင်း၊ လက်ရှိတွင်သရုပ်ဆောင်  စိုင်းစိုင်းခမ်းလှိုင်နှင့် မြားနတ်မောင်ဝှက်ထားတဲ့မြား အမည်ရှိဇာတ်ကားကို ရိုက်ကူးနေသည်ဟု ခင်ဝင့်ဝါကပြောသည်။

Credit : 7Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top