iMyanmarHouse.com - Best Property Website for Myanmar
×











အရေပြား ပြောင်းလဲမှုတွေဟာ အသက်အရွယ် ကြီးရင့်လာခြင်းရဲ့ မြင်သာထင်သာတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ အမျိုးသမီးအများစုဟာ သူတို့ခန္ဓာကိုယ် တစ်ခုလုံးထက် မျက်နှာ
ကိုသာ ပိုဂရုစိုက်ပေးကြတယ်လို့ သုတေသန အသစ်တစ်ရပ် ဖော်ပြထားပါတယ်။

Astral Original မှ ဦးစည်းပြုလုပ်တဲ့ ဒီသုတေသနက အမျိုးသမီးအများစုမှာ သူတို့ရဲ့ ခန္ဓာ
ကိုယ်ကို အနည်းအကျဉ်းသာ အာရုံစိုက်ကြပြီး မျက်နှာကိုသာcreams တွေနဲ့ဂရုတစိုက်
လိမ်းခြယ်ကြတာကို အသားပေးဖော်ပြထားပါတယ်။

ခန္ဓာကိုယ်ကို လျစ်လျုရှူ၊ ၊ပစ်ထားမယ်ဆိုရင် ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အအိုမြန်တယ်လို့ အမျိုး
သမီး (၄) ပုံမှာ (၁) ပုံက ယုံကြည်ကြောင်း လေ့လာမှုကဖော်ပြထားတယ်။အသက်ကြီးရင့်လာ
မှုကို ဆိုးဆိုးဝါးဝါး သိသာစေတဲ့ ခန္ဓာကိုယ်အထက်ပိုင်း သုံးနေရာမှာ လက်တွေ၊ မျက်နှာနဲ့ လည်
ပင်း လို့ ဆိုပါတယ်။

အမျိုးသမီး ၁၀ ယောက်မှာ ၁ ယောက်က သူတို့အသားအရေကြောင့် ပျော်ရွှင်မှုမရှိဘူးလို့ ပြော
ဆိုခဲ့ပြီး ၃ ယောက်မှာ ၁ ယောက်က တခါတလေမှသာ သူတို့အသားအရေလှပကြည့်ကောင်းပြီး စိတ်ချမ်းသာမှုရတယ်လို့ ဆိုကြပါတယ်။ရေအနည်းသာသောက်တဲ့အချိန်၊ moisturizer အလုံလောက် မသုံးတဲ့အချိန်၊ ဆေးလိပ်သောက်တဲ့အချိန်နဲ့ နောက်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအစာတွေ စားသုံးမှုများရလာတဲ့အချိန်မှာ  ရေဓာတ်ခမ်းခြောက်မှုကြောင့် အသားအရေ မွဲခြောက်နေမှုကို အပြစ်တင်နေကြပါတယ်။

Credit :  Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top