iMyanmarHouse.com - Best Property Website for Myanmar
×









လူမှုကွန်ယက် ဖေ့ဘွတ်၏ အမျိုးသမီးစွမ်းဆောင်ရှင် COO ရှယ်ရီးလ်ဆန်းဘတ် ( Sheryl Sandberg)ဟာ မိန်းကလေးတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုတိုးတက်အောင်မြင်အောင် နေရမလဲဆိုတဲ့ လုပ်ငန်းခွင် အောင်မြင်ရေး အကြံပေးချက်တွေကို သူမရဲ့ ‘Lean In’ ဆိုတဲ့ စာအုပ်ထဲမှာ ရေးသား ဖော်ပြထားပါတယ်။ ရှယ်ရီးလ် ဆန်းဘတ် ( Sheryl Sandberd) ဟာ facebookရဲ့ ဒုတိယ တာဝန်ရှိသူဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဂန္တ၀င် မဂ္ဂဇင်း အနေနဲ့ သူမ ရေးသားထားတဲ့ စာအုပ်ထဲမှ ဘ၀အတွက် ခွန်အားဖြစ်စေမယ့် စိတ်ဓာတ်အဟာရတွေကို ရွေးထုတ် တင်ပြပေးလိုက်ပါတယ်။

၁။ အစည်းအဝေးပွဲတွေမှာ နေရာ ယူပါ။

မိမိကိုယ်ကို မလုပ်နိုင်ဘူး၊ မစွမ်းဆောင် နိုင်ဘူးဆိုပြီး အရာရာတိုင်းကို သံသယ မ၀င်ပါနဲ့။ မိန်းကလေးတွေက မိမိစွမ်းဆောင်နိုင်စွမ်း လုပ်ကိုင်နိုင်စွမ်းကို ယုံကြည်မှုရှိရမယ်။ ပြီးတော့ အလုပ်မှာလည်း ရှေ့တန်းကနေပြီး ဆောင်ရွက်နိုင်ရမယ်။ အမျိုးသမီးတွေဟာ အစည်းအဝေးတွေရဲ့ နောက်မှာ နေရာယူပြီး ထိုင်နေတာမျိုး၊ မိမိရဲ့ ခံယူချက်တွေ ထင်မြင်ယူဆချက်တွေကို ပြောပြဖို့ နှုတ်မရဲတာမျိုးတွေ မဖြစ်သင့်ပါဘူး။ အစည်းဝေးတွေမှာ မိန်းကလေးတွေက များသောအားဖြင့် ဘေးကနေပဲ ရပ်ကြည့် နေတတ်ကြပါတယ်။ အဲဒီလိုနေနေမယ့်အစား စိတ်ထဲရှိတဲ့ ပြောချင်တာတွေကို ၀င်ရောက်ဆွေးနွေးလိုက်ပါ။ အခြေအနေတွေ အကြောင်းအရာတွေကို ကိုယ်တိုင် ပါဝင် ပြောဆိုပြီး မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို မြှင့်တင်လိုက်ပါ။

၂။ မျှော်မှန်းလစာရမှ လက်ခံပါ။

မိန်းကလေးအများစုက ယောက်ျားလေးတွေထက် လစာလျော့ရတတ်ကြတယ်။ အဲဒါကြောင့်မို့ ဒီလစာက ကိုယ်တကယ်မျှော်မှန်းထားတဲ့ လစာဟုတ်မှ လက်ခံသင့်ပါတယ်။ မျှော်မှန်း လစာအနေနဲ့ ကလည်း အမျိုးသမီထုအပေါ်မှာ အခြေခံပြီး သူတို့အတွက် ကိုယ်က ဦးဆောင်ပြီး တောင်းသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အလုပ်တစ်ခုမှာ မိန်းကလေးနဲ့ ယောကျာင်္းလေးတွေဟာ အလုပ်တန်းတူ လုပ်နိုင်နေလို့ပါဘဲ။ ဒါ့ကြောင့် အမျိုးသမီးထုအတွက် ကိုယ်က ရှေ့က ဦးဆောင်လိုက်ပါ။

။ လူကြိုက်များဖို့ထက် အောင်မြင်မှုကိုဘဲ ရှေ့တန်းတင်ပါ။

ရှယ်ရီးလ် ဆန်းဘတ် ဖေ့ဘုတ်ကုမ္ပဏီမှာ စပြီး အလုပ်ဝင်တုန်းက ဖေ့ဘုတ်ကုမ္ပဏီရဲ့ CEO မက်ဇူကာဘတ် ( Mark Zuckerberg) ကနေပြီး ရှယ်ရီးလ်ကို အကြံပြုခဲ့တယ်။ CEO မက်ဇူကာဘတ်က “လူကြိုက်များအောင် လုပ်နေမယ်ဆိုရင် အလုပ်မှာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး” လို့ သူမကို ပြောခဲ့ပါတယ်။ ဆိုလိုချင်တာကတော့ တစ်စုံတစ်ရာကို ပြောင်းလဲချင်တယ်ဆိုရင် အားနာနေလို့ မရပါဘူး။ လုပ်သင့် လုပ်ထိုက်တာတွေကို လုပ်နိုင်ဖို့အတွက် စတေးသင့် တာတွေလည်း စတေးနိုင်ရပါမယ် ပြောခြင်းပါ။

၎။ စွန့်စားမှုတွေကို ရှေ့ထွက် ဦးဆောင်ပြီး လုပ်ကြည့်ပါ။

သေးသေးလေးကနေတောင်မှ အကြီးကြီးဖြစ်အောင် စွန့်စားရဲခဲ့တဲ့ အတွက် Facebookကုမ္ပဏီဟာ အခုလို တကမ္ဘာလုံးနဲ့ချီပြီး အောင်မြင်နေပါပြီ။ ယောက်ျားလေးတွေကလည်း အလုပ်တစ်ခု လုပ်ပြီဆို စွန့်စားရဲတယ်။ စွန့်လွှတ်ရဲတယ်။ ကိုယ်မကျွမ်းကျင်တဲ့ အကြောင်းအရာ ဖြစ်နေရင်တောင် ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ထားရှိတဲ့ အတွက်ကြောင့် မိန်းကလေးတွေထက် ပိုပြီး ရှေ့ရောက်လွယ်တယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေနဲ့ တန်းတူ အရည်အချင်း ရှိနေခဲ့ရင်တောင်မှ ရှေ့ထွက်ဖို့အတွက် မရဲကြပါဘူး။ အဲဒါကြောင့် လုပ်ငန်းခွင်ထဲမှာ အဆင်သင့် မဖြစ်သေးရင်တောင်မှ ရအောင်လုပ်မယ်၊ မဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထားရှိပါ။ မွှေးမြူပါ။

၅။ သင့်အဖော်ကို စစ်မှန်တဲ့ အဖော်မွန်ဖြစ်အောင် ပြုလုပ်နိုင်ရပါမယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်တာဝန်တွေကို ဝေမျှခိုင်းတတ်သလိုမျိုး အမျိုးသမီးတွေအနေနဲ့ ကိုယ့်အိမ်ထောင်ဘက်ကိုလည်း အိမ်က တာဝန်တွေကို ခွဲပြီး ပေးသင့်ပါတယ်။ အမျိုးသမီးဆိုတာနဲ့ အိမ်က တာဝန်တွေကို အကုန်လုံး ကိုယ်ဘဲ လုပ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အမျိုးသမီးတိုင်းက အိမ်ထောင် ဦးစီးတွေကို တာဝန်ထမ်းဆောင် တတ်အောင် အားပေးသင့်ပါတယ်။
သူမရေးထားတဲ့ ‘Lean In’ စာအုပ်ထဲမှာ- အမျိုးသမီးတွေဟာ ဘယ်နယ်ပယ်မှာဘဲ ဖြစ်ဖြစ် ထိပ်ဆုံးရောက်နိုင်ဖို့ အခွင့်ရေးတွေ အများကြီး ရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာ အမျိုးသားတွေနဲ့ တန်းတူလုပ်ဆောင်နိုင်တာကို မိမိကိုယ်ကို နှိမ့်ချနေဖို့ မလိုအပ်ပါဘူး။ နောက်ပြန်ဆွဲနေတဲ့ စိတ်ကို ဖျောက်ပြီး ရှေ့ထွက်တတ်တဲ့ အကျင့်ကို လုပ်နိုင်အောင် ကြိုးစားပြလိုက်ပါ စတာတွေ ပါဝင်ရေးသားထားပါတယ်။

Credit : Gandawin

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top