iMyanmarHouse.com - Best Property Website for Myanmar
×












ကိုယ်လက် လေ့ကျင့်ခန်း လုပ်ခြင်းနှင့် အစားအစာကို ရွေးချယ် စားသုံးတတ်ခြင်းဟာ ၀မ်းဗိုက်အဆီကို အမှန်တကယ် လျော့နည်းစေတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ချပ်ရပ်သော ဗိုက်သား ရရှိဖို့ စားသင့်တဲ့ အစား အစာတွေ အများကြီး ရှိပါတယ်။

၁။သံလွင်ဆီ
 သံလွင်ဆီဟာ ၀မ်းတွင်း ကလီစာ၊ နှလုံး၊ ဦးနှောက်စသည် တို့အတွက် အကျိုးပြုပါတယ်။ သံလွင်ဆီကို တစ်နေ့  လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခန့် စားသုံးပေးပါ။ ငါးနဲ့ အသီး အရွက်တွေမှာလည်း ဆမ်းစား နိုင်ပါတယ်။ အသုပ်နဲ့ ရောစပ်စား သုံးနိုင်ပါတယ်။ သတိပြုရန်မှာ သံလွင်ဆီကို ဘယ်တော့မှ အပူမပေးပါနဲ့၊ ဟင်းထဲ ထည့်မချက်ပါနဲ့။ ဓာတ်ပြောင်းလဲကာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။

၂။ ထောပတ်သီး
 ထောပတ်သီး ကလည်း သံလွင်ဆီ နည်းတူ  အကျိုးကျေးဇူး  ရှိပါတယ်။ ဒါပေမဲ့ ထောပတ်သီးမှာ အဆီ ပါဝင်မှု များတာကြောင့် တစ်နေ့ ထောပတ်သီး ဖျော်ရည်ခွက် လေးပုံ တစ်ပုံ လောက်သာ သောက်သင့်ပါတယ်။

၃။ ဗာဒံစေ့
 ဗာဒံစေ့မှာ အမျှင်ဓာတ်၊ ပရို တိန်း၊ Vitamin E  နဲ့ သတ္တုဓာတ်တွေ ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဗာဒံစေ့ကို တစ်နေ့ တစ်အောင်စ (၂၃စေ့ခန့်) စားသုံးသင့်ပါတယ်။

၎။ အနက်ရောင် ချောကလက်
အနက်ရောင် ချောကလက်ဟာ အစာ ချေဖျက်ခြင်းနဲ့ ဗိုက်အဆီ ကျရာမှာ အထောက်အကူ ပြုပါတယ်။ ကိုကိုး ပါဝင်မှု များလေလေ ပိုကောင်း လေလေပါ။ ဒါကြောင့် ကိုကိုး (၇၀) ရာခိုင်နှုန်းမှ (၈၅) ရာခိုင်နှုန်းထိ ပါဝင်တဲ့ ချောကလက် ကိုစားပါ။

၅။ ဟင်းနုနွယ်
  ဟင်းနုနွယ်မှာ ကယ်လိုရီ အလွန်နည်းပြီး Vitamin C, Vitamin K , သံဓာတ်၊ ထုံးဓာတ်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်လည်း ပါဝင်တာကြောင့် ကြွက်သား သန်မာစေပြီး အမျှင်ဓာတ်တွေကြောင့် တော်ရုံ ဗိုက်မဆာပါဘူး။

၆။ ဒိန်ချဉ်
ဒိန်ချဉ် တစ်ခွက်ဟာ အူလမ်းကြောင်း တစ်လျှောက်က အကျိုးပြု ဘတ်တီးရီးယားတွေကို တိုးပွားစေပါတယ်။  ဒါကြောင့်  မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ရှင်းပစ်ပြီး ဗိုက်ကို ချပ်ရပ်စေပါတယ်။

၇။ ကြက်ဥ
 ကြက်ဥမှာ အမိုင်နို အက်ဆစ်၊ ပရိုတိန်းနဲ့ အဆီဓာတ်တွေ ပါဝင် ပါတယ်။ ကြက်ဥရဲ့ထူးခြားတဲ့ စွမ်းရည် တစ်ခုကတော့ များများ စားစား မစားရဘဲ ဗိုက်ပြည့် နိုင်ခြင်းပဲ ဖြစ်တယ်။ တစ်နေ့ကို ကြက်ဥ တစ်လုံး စားရင် လုံလောက်ပါတယ်။

၈။ ဆော်လမွန်ငါး                                   
 ဆော်လမွန်ငါး၊ ငါးကွမ်းရှပ် နဲ့ တူနာငါးတွေမှာ ၀မ်းဗိုက်က အဆီတွေကို ချေဖျက်နိုင်တဲ့ OMEGA-3 fatty acid  ပါဝင်ပါတယ်။ ဆော်လမွန် ငါးဟင်းကို တစ်ပတ် တစ်ခွက် (သို့) နှစ်ခွက် စားသုံးပေးပါ။ သံလွင်ဆီ၊ ကြက်သွန်ဖြူ၊ ဟင်းသီး ဟင်းရွက်များနဲ့ တွဲဖက် စားသုံးပါ။

၉။ ဘယ်ရီသီးများ
 ဘယ်ရီသီးမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။ အမျှင်ဓာတ် များလေလေ ကိုယ်တွင်း ကယ်လိုရီ နည်းလေလေ ဖြစ်ပါတယ်။  ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ တစ်ခုခု ကို တစ်နေ့ကို ခွက်တစ်ဝက်လောက် စားသုံးပေးပါ။

၁၀။ ပန်းသီး
 ပန်းသီးမှလည်း အမျှင်ဓာတ် ပေါကြွယ်ဝကာ ကိုယ်အလေးချိန် လျော့စေ နိုင်ပါတယ်။ ပန်းသီးဟာ မကောင်းတဲ့  ကိုလက်စထရောကို ချေဖျက် နိုင်ပါတယ်။ တချို့သော ကင်ဆာရောဂါ၊ နှလုံးရောဂါနဲ့ သကြားဓာတ် ကျဆင်းမှု တို့ကိုကောင်း မွန်စေနိုင်ပါတယ်။ တစ်နေ့ ပန်းသီး တစ်လုံး (သို့) နှစ်လုံး စားပေးပါ။

Credit: Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top