iMyanmarHouse.com - Best Property Website for Myanmar
×









၁) ယုံကြည်မှုဆိုတာ ခိုင်မာလာအောင် အကြိမ်ကြိမ်တည်ဆောက်ယူရတယ်... တစ်ကြိမ်ဖျက်ဆီးပစ်လိုက်ပြီးရင်တော့ ယုံကြည်မှုအစစ်ကို ဘယ်တော့မှပြန်မရနိုင်တော့ဘူး...

၂) ကိုယ့်ကိုယ်ကို လေးစားပါ... ကိုယ်ကိုယ်တိုင်ကတောင် မလေးစားတဲ့သူကို ဘယ်သူကမှ လေးစားမှာမဟုတ်ဘူး...

၃) ကောင်းတဲ့အစဉ်အလာတွေကို ထိန်းသိမ်းပါ... အစဉ်အလာဆိုးတွေကို အသိဥာဏ်နဲ့သုံးသပ်ပြီး ဖယ်ရှားလိုက်ပါ... အစဉ်အလာဆိုတာ လူတွေကလုပ်ခဲ့တာပါပဲ...

၎) နှစ်ခုရှိတဲ့အင်္ဂါ အစိတ်အပိုင်းတွေကို အလုပ်ပိုလုပ်ပေးရမယ်... များများနားထောင် များများကြည့် နည်းနည်းပြော ဆိုတာမျိုး... အရေးအကြီးဆုံးကတော့ ဘာပဲလုပ်လုပ် ဦးနှောက်ကိုသုံးဖို့ပဲ...

၅) လုပ်စရာရှိတာကို ချက်ချင်းလုပ်ပါ... အချိန်ဆွဲနေတာဟာ ရရှိမယ့်အခွင့်အလမ်းတွေကို ဖြုန်းတီးပစ်နေတာပါပဲ...

၆) အားမနာပါနဲ့... ကိုယ်မတတ်နိုင်တဲ့ ကိစ္စကို ပြတ်ပြတ်သားသား ငြင်းပယ်လိုက်တာက တစ်ဖက်လူကို ကူညီရာရောက်ပါတယ်...

၇) လူတိုင်းအမှားနဲ့မကင်းနိုင်ပါဘူး... မှားတာကို မှားမှန်းသိဖို့လိုပါတယ်... ကိုယ့်အမှားအတွက်လည်း တာဝန်ယူရဲရမယ်...

၈) ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေ ရှိပါတယ်... ဆက်တက်မှာလား ဆက်ကျမှာလားဆိုတာတော့ သင့်အပေါ်မှာပဲမူတည်တယ်...

Credit : နှိုင်းရင့်နွေ

ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top