iMyanmarHouse.com - Best Property Website for Myanmar
×

လူငယ်ပရိသတ် အများအပြား လက်ခံ အားပေးနေသည့် ဘန်နီဖြိုးက One Man Show ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ပြောသည်။ One Man Show လုပ်ဖို့ စီစဉ်နေ ပါတယ်။ ဘယ်ရက်၊ ဘယ်အချိန် ဆိုတာကတော့ အတိအကျ ကျွန်တော် ကိုယ်တိုင်လည်း မသိသေးတဲ့ အတွက် ဘာမှတော့ ပြောစရာ မရှိသေးပါဘူး။ အခြား စီစဉ်စရာ ကိစ္စလေး တွေလည်း ရှိသေးတဲ့ အတွက်ကြောင့်ပါ။ အဓိက လုပ်ချင် စိတ်ပေါ်လာလို့ လုပ်ဖို့ စဉ်းစား တာပါ။ တစ်ခါတလေ ကျွန်တော်က ဘုကလန့် နိုင်တယ်။ ကျွန်တော် လုပ်ချင်တာကို လုပ်တာပဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် လုပ်ချင် စိတ်ပေါ်လာပြီ ဆိုရင် ဆန္ဒရှိ လာပြီ ဆိုရင် လုပ်ပြချင်တယ်။ အဲဒီလို လုပ်ပြချင်တဲ့ အရာလေး တွေရှိလို့ One Man Show လုပ်ဖို့ စိတ်ကူး ရတာပါ။

 One Man Show လုပ်ဖို့ အတွက် ပရိသတ် အခိုင်အမာရှိတာ၊ မရှိတာကို ယုံကြည်လား ဆိုတာက ကျွန်တော် လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကောင်းကောင်း လုပ်ရင် ကောင်းကောင်းပြန် ရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ပဲ ကျွန်တော် လုပ်မှာပါ။ ယုံကြည်တယ်၊ မယုံကြည်ဘူး ဆိုတာ ကလည်း ကျွန်တော်လည်း မသိသေးဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ကျွန်တော့် အလုပ်ကို ကျွန်တော်ပဲ လုပ်နေတာ ဆိုတော့ ကျွန်တော့် ဘယ်သူတွေ Support လုပ်လဲ၊ ဘယ်သူတွေ ဘယ်လောက် ကြိုက်လဲ ဆိုတာ၊ မုန်းလား ဆိုတာ မသိဘူး။ ကျွန်တော့်ရဲ့ အမြင်သေးသေးလေးနဲ့ ကြည့်လို့ မရပါဘူး။ တကယ် လုပ်ကြည့်မှာပဲ အဲဒီ အဖြေထွက်လာပါ လိမ့်မယ် ဟု ဘန်နီဖြိုးက ပြောသည်။ လက်ရှိတွင် ဘန်နီဖြိုးသည် ကိကိနှင့် အတူ duo ဆိုသည့် အခွေကို ထွက်ထားကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top