iMyanmarHouse.com - Best Property Website for Myanmar
×










ရည်းစားစဖြစ်ခါစက တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြောင်း ပို့လိုက်တဲ့ ဖုန်းမက်ဆေ့ခ်ျတွေ၊ ချစ်သူသက်တမ်း တစ်နှစ်ကျော်လာပြီဆိုရင် အရင်လို တစ်နေ့ကို သုံးလေးခါ မက်ဆေ့ခ်ျပို့ဖို့ သိပ်စိတ်မပါချင်တော့ဘူး။ ဒါတင်ဘယ်ကဦးမလဲ။ လေး၊ ငါးနှစ် ကြာသွားပြီ၊ အိမ်ထောင်ကျသွားပြီဆိုရင်တော့ လိုတာထက်ကို ပိုပြီး မက်ဆေ့ခ်ျမပို့တော့တာ။ တစ်ယောက်က "ညနေစာ" လို့ ပို့လိုက်ရင် တစ်ယောက်ကလည်း "အိုခေ"လိုဆိုတာမျိုး အတိုဆုံး၊ အပြတ်ဆုံးတွေသာ ရွေးပို့ကြတော့တာပဲ။ ကဲ နှစ်ပေါင်းများစွာသွားဖို့ စဉ်းစားထားတဲ့ ချစ်သူရည်းစားဆက်ဆံရေးမှာ ဒီလိုဖုန်းမက်ဆေ့ခ်ျပို့တာတွေကလည်း အရေးပါတယ်ဆိုရင် ယုံနိုင်ပါ့မလား။ ခုနလိုအတိုအပြတ်မက်ဆေ့ခ်ျလေးတွေထက် နှစ်ဦးသားဆက်ဆံရေးကို ပိုနွေးထွေးစေမယ့် ခုလိုအချက်လေးတွေအတိုင်းသာ လုပ်ဆောင်ပါ။ သင်တို့ရဲ့ စိတ်ခံစားချက်ဟာ အတိုင်းအတာတစ်ခုထိ ပိုမိုနီးစပ်နေပါလိမ့်မယ်။

၁။ပို့လိုက်တဲ့ မက်ဆေ့ခ်ျတိုင်းဟာ နွေးထွေးမှုတစ်ခုကို လှစ်ဟာပြနိုင်ပါစေ။

တစ်ခါတစ်လေ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျကနေတစ်ဆင့် သူပျော်ရွှင်သွားတာ၊ ပီတိဖြစ်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။ ရင်ခုန်သွားတာမျိုးအထိပေါ့။ ဒါပေမယ့် ကိုယ်ပို့တဲ့ မက်ဆေ့ခ်ျက နွေးနွေးထွေးထွေးလေး ဖြစ်နေဖို့တော့ လိုပါတယ်။ ဥပမာ ညနေဘယ်နှစ်နာရီလောက် တွေ့ကြမလဲ ဆိုတာထက် ငါအခုမင်းကို အရမ်းလွမ်းနေပြီ၊ ဘယ်အချိန်မှ မင်းကိုတွေ့ရမှာလဲ ဆိုတာမျိုးက သူ့အပေါ် သင်အလေးထားတယ်၊ ချစ်တယ်ဆိုတာ သိသာသွားစေတယ်လေ။

၂။ရည်းစားဖြစ်ခါစက ပို့နေကျ စာသားလေးတွေ ပြန်ပို့ပေးပါ။

နင့်အကြောင်းကို တွေးနေမိတယ်၊ ငါအရမ်းလွမ်းနေပြီ ဆိုတာမျိုးတွေက ရည်းစားဖြစ်လို့ တစ်နှစ်လောက်ကြာရင် မပို့ဖြစ်တော့ပါဘူး။ ကိစ္စတစ်ခုခုအတွက် မက်ဆေ့ခ်ျပို့ရင်တော့ နင့်ကိုချစ်တယ်ဆိုတာမျိုး ပို့တိုင်း မထည့်ဖြစ်တော့ပါဘူး။ အဲ့ဒီလိုမဖြစ်ပါစေနဲ့။ အမြဲတမ်း သင်တို့နှစ်ဦးရဲ့ အချစ်ရေးကို သစ်လွင်အောင် ကြိုးစားပါ။

၃။အံ့သြသွားအောင် လုပ်ပါ။

အရင်တုန်းက ကိုယ့်ချစ်သူပေးထားတဲ့ လက်ဆောင်လေးတွေ၊ ဒါမှမဟုတ် ကိုယ့်ချစ်သူ သဘောကျနှစ်သက်တဲ့ အဆိုတော်၊ သရုပ်ဆောင်၊ ဒါမှမဟုတ် စတစ်ကာလေးတွေ၊ အရင်က အတူတူရိုက်ထားဖူးတဲ့ပုံလေး စတာလေးတွေကို အကြောင်းပြုပြီး တစ်ဖက်လူ ထင်မှတ်မထားတဲ့ အကြောင်းအရာနဲ့ အံ့သြသွားအောင် လုပ်ပါ။

၎။စိတ်ကူးယဉ်စာသားမျိုးလေးတွေ ပို့ပါ။

နှစ်ယောက်တည်းသာ ခုချိန်ရှိရင် ကိုယ်ဘာတွေ လုပ်ဖြစ်မယ်ဆိုတာမျိုး၊ နောက်နှစ်ခရီးသွားရင် ဘာတွေလုပ်ကြမယ်ဆိုတာမျိုး စိတ်ကူးယဉ်ထားတာလေးတွေ ချစ်သူကို ပြောပြအသိပေးပါ။

၅။ပို့လိုက်တဲ့ မက်ဆေ့ခ်ျတိုင်း တစ်ဖက်လူ ရင်ခုန်ပါစေ။

ကိုယ်က ဒီအတိုင်းကြီး လိုရင်းတိုရှင်းပြောတတ်လို့ ဒီအတိုင်း ရိုးရိုး မက်ဆေ့ခ်ျပို့မယ်ဆိုရင် တစ်ဖက်လူကကလည်း ဖုန်းကိုအလျှင်စလို ဖွင့်ကြည့်ချင်မှာတောင် မဟုတ်တော့ပါဘူး။ နှစ်ဦးကြား ရင်ခုန်စရာကောင်းမယ့် မက်ဆေ့ခ်ျလေးတွေ ပို့ပါ။ မက်ဆေ့ခ်ျရောက်တယ်ဆိုတဲ့ အသံလေး ကြားလိုက်တာနဲ့ ကိုယ့်ချစ်သူဖုန်းကို ချက်ချင်းကောက်ကိုင်ချင်လာအောင် သင့်မက်ဆေ့ခ်ျတွေက ဖမ်းစားနိုင်ပါစေ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top