iMyanmarHouse.com - Best Property Website for Myanmar
×














ဒါရိုက်တာ ကိုပေါက် ရိုက်ကူးနေတဲ့ “ညရေးချညာ” ဆိုတဲ့ ဇာတ်ကားကို အောင်ရဲလင်းက ဖွေးဖွေး နဲ့ အတူ ပါဝင် သရုပ်ဆောင် ထားပါတယ်။ ဖန်စီ ဇာတ်ကားလေးတွေ မှာ အောင်ရဲလင်း နဲ့ ဖွေးဖွေးက အတွဲ ညီတဲ့ အတွက် ပရိသတ်တွေက အားပေးကြသလို၊ အဲဒီအပေါ်မှာ အောင်ရဲလင်းက တွဲဖက် သရုပ်ဆောင် နဲ့ အတူ အဆင်ပြေအောင် ညှိနှိုင်းပြီး လုပ်ရကြောင်းကို “အဓိက ကတော့ အိုက်တင်က တစ်ယောက် နဲ့ တစ်ယောက် ညီနေရင် ကြည့်လို့ ကောင်းတာပဲလေ။ အဲဒီတော့ သူ ဘာလုပ်မလဲ ဆိုတာကို ကိုယ်က ကြည့်နေတယ်။ ရီဟာဇယ် လုပ်တဲ့ အခါမှာ တိုင်ပင် ညှိယူတယ်။ ဖွေးဖွေးနဲ့ ကျွန်တော်နဲ့ ကျ ဟာသ ဇာတ်ကားတွေ အရိုက်များတော့ တစ်ယောက် နဲ့ တစ်ယောက် ဇာတ်ကား ရိုက်တဲ့အခါမှာ သဟဇာတ ဖြစ်တယ်။ အပေးယူ မျှတယ်။ ပြီးတော့ လူငယ် ပုံစံလေးတွေပဲ အရိုက်များ ဖြစ်တဲ့ အတွက် ထွက်လာ တဲ့ ဇာတ်ကားလေးတွေ ဆိုရင် ပရိသတ် ကလည်း အားပေးကြတယ်။ အတတ်နိုင်ဆုံး အပေးအယူ မျှအောင် လုပ်ရတယ်။ ဟာကွက် မရှိအောင်တော့ ကြိုးစားပြီး သရုပ်ဆောင် ဖြစ်တယ်။ တအားကြီး အိုဗာ ဖြစ်မသွား အောင်လည်း တစ်ယောက် နဲ့ တစ်ယောက် ရီဟာဇယ် လုပ်ကတည်းက ညှိနှိုင်းဖြစ်တယ်။ အတတ်နိုင်ဆုံးတော့ အတွဲ ညီအောင် သရုပ်ဆောင် ဖြစ်တယ်။ ဖွေးဖွေး နဲ့ ကျွန်တော် စုံတွဲ ရိုက်ထားတဲ့ ဇာတ်ကားတွေ ကလည်း များတဲ့ အတွက် ပရိသတ် အမြင်မှာ မရိုးသွားအောင် ဇာတ် အပေါ် မူတည်ပြီး အတတ်နိုင်ဆုံး အသစ်ဆန်းလေးတွေ ဖြစ်အောင်တော့ သရုပ်ဆောင် ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ထွက်လာသမျှ ဇာတ်ကားတွေကို ကြည့်ပြီး အားပေးတဲ့ အတွက်လည်း ဝမ်းသာပီတိ ဖြစ်ရပါတယ်”လို့ ပြောပါတယ်။

အောင်ရဲလင်း က ကိုယ့် ရဲ့ အိမ်ထောင်ဖက် ရွေးချယ်မှု နဲ့ ပတ်သက်ပြီးတော့ “အချစ် ဆိုတာ ကတော့ ရသစုံပါပဲ။ အိမ်ထောင်က ဘယ်အချိန် မှာ ပြုဖြစ်မလဲ ဆိုတာတော့ သေချာ မသိဘူး။ ဒါပေမဲ့ အသက် ၃ဝလောက်မှ အိမ်ထောင်ပြုဖို့ စဉ်းစားမယ်။ အဓိက ကတော့ လှတာတွေ မလှတာတွေ ထက် ကျွန်တော့်ကို ချစ်ရမယ်။ ရိုးသား ရမယ်။ ဖြူစင်ရမယ်။ ကိုယ့်ရဲ့ အလုပ်ကို နားလည်ဖို့က ညှိယူလို့ ရတယ်။ ကျွန်တော် ကလည်း ချစ်ရမယ့်သူ ဖြစ်ရမယ်။ လှတာ မလှတာ၊ ဆင်းရဲတာ ချမ်းသာတွေ က ကျွန်တော့် အတွက် သိပ်ပြီး အရေးမကြီးဘူး။ ကိုယ် ကလည်း ချစ်ပြီး ကိုယ့်ကိုလည်း ချစ်မယ့်သူ မျိုးကိုပဲ အိမ်ထောင်ဖက် အဖြစ် ရွေးချယ်သွားမှာပါ” လို့ ပြောပါ တယ်။

Credit: Popular Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top