iMyanmarHouse.com - Best Property Website for Myanmar
×









အနုပညာလောက မှာ ဟာသ သရုပ်ဆောင် တစ်ဦး အဖြစ် ရပ်တည် သလို အငြိမ့်တွေ မှာလည်း လူရွှင် တော် တစ်ဦး အဖြစ် ပရိသတ်များ လက်ခံထားသူ ကတော့ ဒိန်းဒေါင် ပဲ ဖြစ်ပါတယ်။

“ဘဝမှာ မေ့မရတဲ့ မိန်းမလျှာ ဇာတ်ရုပ်တစ်ခု ရှိတယ်။ အဲဒါက “ဇ မရှိရင် ဇစ်မဖြုတ်နဲ့” ဇာတ်ကားမှာ ပါ။ သရုပ်ဆောင်ရင်း ကိုယ့်ကိုယ် ကိုယ်တောင် ရှက်လာတယ်။ ဒီကား မှာ အခြောက် ဆိုပေမယ့် တစ်မျိုးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မိန်းမ ရှိတယ်၊ ကလေး တစ်ယောက် ရှိတယ်။ ဒါပေမဲ့ ကွယ်ရာမှာ ကောင်လေးတွေ နဲ့ ဖောက်ပြန်နေတဲ့ လူ။ ဒါလည်း အပြင်မှာ တကယ် ရှိတယ်။ ကျွန် တော် ဒီကား သရုပ်ဆောင် ရတာ တာဝန် ကြီးတာထက် ရှက်စိတ် ကပို တယ်” လို့ အမှတ်တရ ပြောပြပါ တယ်။ ပြဇာတ်ပေါ်မှာ သရုပ်ဆောင် ရတာနဲ့ ဗီဒီယို ရိုက်ကွင်းပေါ် မှာ သရုပ်ဆောင် ရတာ ဘယ်ဟာက ပိုပြီး တာဝန်ကြီးပါသလဲ လို့မေးကြည့်တော့

“လူရွှင်တော်က အိုဗာလည်း မဟုတ်ဘူး။ ကျွန်တော်က အလုပ် ချိန်ကို အလုပ်နဲ့တူအောင် လုပ်တယ်။ ဇာတ်ပဲဖြစ်ဖြစ်၊ ဗီဒီယို ပဲဖြစ်ဖြစ် ကျွန် တော်နဲ့ လိုက်လို့ ငှား တာ ဖြစ် တဲ့ အတွက် တာဝန်က အမြဲတမ်း ကြီးနေ တာပဲ။ စင်ပေါ်မှာ ကရတဲ့ အခါ ကတ် ဆိုပြီး မှားရင်ပြင်ခွင့် မရဘူး။ မှားရင် ကတ်လို့ အော်ပြီး ပြန်ပြင်လို့ ရတာက ရုပ်ရှင် ရိုက် တာပဲ ရှိ တယ်။ စင်ပေါ်က တာဝန် ပိုပြီးလေးတယ် လို့ ခံစားမိ တယ်” လို့ ပြောပြခဲ့ပါတယ်။

Credit : Popular Journal

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top