iMyanmarHouse.com - Best Property Website for Myanmar
×














လူတော်တော်များများဟာ သူတို့ဘ၀ဟာ ကြေကွဲဖွယ်၊ နာကျင်စရာကောင်းလှတဲ့ အဖြစ်အပျက်တွေ ခြောက်ခြားဖွယ်ရာကောင်းတဲ့ ကိစ္စရပ်တွေကို တစ်နည်းမဟုတ်တစ်နည်းတော့ ကြုံတွေ့ဖူးကြပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ ကြုံလာ တဲ့အခါ ကိုယ့်ရဲ့စိတ်ကို ဘယ်လိုတည်ငြိမ်အောင် ပြန်ကြိုးစားရမလဲဆိုတဲ့အချက်ဟာ တကယ်ကို အရေးကြီးပါတယ်။

၁။အသက်ကို ၀အောင်ရှုပါ။

သင်ကြောက်ရွံ့နေတဲ့အချိန်၊ တုန်လှုပ်စရာအဖြစ်အပျက်တစ်ခုခုကို ကြုံတွေ့တဲ့အခါ အသက်ကိုဝအောင် ရှုလိုက်ပါ။ ပြီးတဲ့အခါ ခဏအသက်အောင့်နေပြီးမှ ပါးစပ်ကနေ လေကို ပြန်ထုတ်လိုက်ပါ။ ဒီလိုအခြေအနေမှာ ခုနခံစားရတဲ့ ကြောက်ရွံ့မှုတွေ အနည်းငယ်လျော့ပါးသွားတာကို သင်ခံစားရပါလိမ့်မယ်။

၂။ဖြစ်ပျက်နေတဲ့အရာတွေကို လက်ခံလိုက်ပါ။

ကိုယ်မြင်နေ၊ ကြားနေတာတွေဟာ ကိုယ်လက်မခံချင်တဲ့အရာတွေဆိုပေမယ့် ဒါတွေတကယ်ဖြစ်လာပြီဆိုတာကို လက်ခံလိုက်ပါ။ အဲ့ဒီအချိန် ကိုယ်ပြုလုပ်နိုင်တဲ့အရာတစ်ခုခုကို အာရုံလွှဲလိုက်ပါ။ ဂိမ်းကစားတာမျိုး မလုပ်နိုင်ရင်တောင် သီချင်းနားထောင်တာဖြစ်ဖြစ်၊ အနားမှာ လူတွေရှိတယ်ဆို၇င် သူတို့နဲ့ စကားဝင်ပြောတာမျိုးပဲဖြစ်ဖြစ် လုပ်လိုက်ပါ။

၃။နွေးထွေးတဲ့ လက်တစ်စုံကို ရှာပါ။

ဒီလိုပြောလိုက်လို့ အဲ့ဒီနွေးထွေးတဲ့ လက်တစ်စုံက ဘေးမှားရှိမနေရင်ရောလို့ မေးဖွယ်ရှိပါတယ်။ လူ့အသားဟာ အေးစက်စက်ကနေ နွေးထွေးလာတာနဲ့ စိတ်ခံစားချက်ကလည်း ပြောင်းလဲသွားပါတယ်။ သာမာန်အချိန်မှာ နွေးထွေးလာတဲ့ အသားအရည်ကြောင့် ပျော်ရွှင်မှုကို ခံစားနိုင်တယ်ဆိုတော့ ကိုယ်ကြောက်ရွံ့ခံစားနေရချိန်၊ တုန်လှုပ်စရာကောင်းတဲ့အချိန်တွေမှာဆိုရင်တော့ အဲ့ဒီခံစားချက်ဆိုးတွေကို လျော့ပါးစေမှာပါ။ ကိုယ့်ကို ပွေ့ဖက်ပေးမယ့်သူ ဘေးမှာမရှိရင် ကိုယ့်လက်လေးနဲ့ ကိုယ့်ရဲ့လက်မောင်းတစ်ဖက်ကို ပွတ်သပ်ပေးလိုက်ပါ။

၎။ကြွက်သားတွေကို အလုပ်ပေးလိုက်ပါ။

ခံစားချက်တစ်ချို့ကြောင့် တောင့်တင်းသွားဖွယ်ရာရှိတဲ့ကြွက်သားတွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားအောင် ကြိုးစားလိုက်ပါ။ ထပြီး လမ်းလျှောက်လိုက်တာဖြစ်ဖြစ်၊ အလုပ်စားပွဲမှာ အလုပ်ပြန်လုပ်လိုက်တာဖြစ်ဖြစ် သင့်ခန္ဓာကိုယ်ကို အလုပ်ပေးဖို့ လိုပါတယ်။

၅။အကြောက်တရားကို လက်ခံလိုက်ပါ။

ဆိုးရွားတဲ့ခံစားချက်တွေနဲ့ ပိုတိုက်ခိုက်လေလေ၊ သင့်အတွက် ပိုနာကျင်စရာကောင်းလေလေ ဆိုတာ မမေ့ပါနဲ့။ သင်ဟာ အန္တရာယ်ရှိတဲ့အခြေအနေတစ်ခုကို ရောက်နေတဲ့အတွက် အရမ်းကြောက်နေတယ်ဆိုရင် ငါဒီလိုခံစားနေရတာ ကြောက်နေတာ ဘာမှမဖြစ်ဘူး။ ဒါဖြစ်သင့်တာပဲလေ။ ဒီအန္တရာယ်လွတ်မြောက်သွားတဲ့အထိ အဆင်ပြေပြေဖြတ်သန်းရမယ်ဆိုပြီး ကိုယ့်ကိုယ့်ကို အားပေးပါ။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top