iMyanmarHouse.com - Best Property Website for Myanmar
×


မကြာမီရုံတင်ပြသမည့် ‘စုန်းပြူး’ရုပ်ရှင်ဇာတ်ကားကြီးဖြင့် အမျိုးသမီးဇာတ်ပို့ဆုရရှိနိုင်မည် ဟု   ထင်ကြေးများပေးနေသော် လည်း ယင်းဇာတ်ကားတွင်ပါဝင် သည့် ခိုင်သင်းကြည်လည်း သရုပ် ဆောင်ကောင်းသဖြင့် အဆိုပါဆု ကို ရင်မခုန်ရဲကြောင်း သိင်္ဂီထွန်း က ပြောသည်။

‘‘အိုက်တင်ကိုကြည့်ပြီးပေး မယ်ဆိုရင်တော့ နှစ်ယောက်စလုံးကောင်းတယ်။ ဒါပေမယ့် ဇာတ် အရ အခန်းများတဲ့သူရမယ်ဆိုရင်တော့ မခိုင်လေးရမှာပါ။ အဲဒါကို မကြည့်ဘဲ အမေတစ်ယောက်ရဲ့ ကရုဏာ၊ အနစ်နာ၊ အသံ၊ ဟန်ကာရိုက်တာ အချိန်းအချက်အစုံကို ကြည့်ပြီးပေးရင်တော့ ကျွန်မရ မယ် ထင်ပါတယ်။  ဒါပေမယ့် လည်း အရမ်းရင်မခုန်ရဲပါဘူး’’ဟု ၎င်းက ပြောသည်။

ယင်းဇာတ်ကားတွင် သိင်္ဂီ ထွန်းက သားသမီးသုံးယောက်၏ မိခင်အဖြစ်ပါဝင်သရုပ်ဆောင် ထားပြီး ယင်းရုပ်ရှင်တွင် ပါဝင်သူ များ၏ သရုပ်ဆောင်မှုအားလုံးကိုအားရကြောင်း ၎င်းက ပြောသည်။‘‘ဒီကားမှာပါဝင်တဲ့သူတွေ က ၀ါရင့်တွေဖြစ်တဲ့အတွက် သရုပ်ဆောင်မှုကိုကြည့်ပြီးဆုံး ဖြတ်လို့မရဘူး။ ဇာတ်ကိုကြည့်ရ တော့မယ်။ ဇာတ်ကိုကြည့်မယ်ဆို ရင်တော့ ကျွန်မက ဇာတ်ပို့ရဲ့ ဇာတ်လမ်းနေရာစစ်စစ်လုပ်ထား တာပါ။ ဒါပေမဲ့ အတိအကျက တော့ ဒီဇင်ဘာ ၂၇ ရက်မှပဲ သိနိုင်မှာပါ’’ဟု သိင်္ဂီထွန်းက ပြောသည်။ယခုနှစ် အကယ်ဒမီကို ရုပ် ရှင်အစည်းအရုံးက ပထမဆုံးအ ကြိမ်ပေးမည်ဖြစ်ရာ ပြင်ပတွင် ထွက်ပေါ်နေသည့်အကယ်ဒမီနှင့် ပတ်သက်၍ နီးစပ်ရာလူများကို သာ ပေးသည်ဆိုသည့် အကြောင်းအရာကိုမူ  မယုံကြည်ကြောင်း သိင်္ဂီထွန်းက ပြောသည်။

Credit: 7 Day Daily

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top