iMyanmarHouse.com - Best Property Website for Myanmar
×

တက်သစ်စ မင်းသားတစ်လက် ဖြစ်သည့် ကောင်းပြည့်က  မင်းသား မလုပ်ချင် သောကြောင့် မင်းသားရှားခြင်း မဟုတ်ကြောင်း၊ ကံ၊ စန်းနှင့် ခံနိုင်ရည် မရှိခြင်း တို့ကြောင့် ရှားလာရခြင်း ဖြစ်ကြောင်း ပြောသည်။

အခု နောက်ပိုင်းမှ လူငယ်တွေ ပိုပြီးတော့ ဒီအနုပညာ ထဲကို ၀င်လာတယ်။ ပိုပြီးတော့ စိတ်ဝင်စားပြီး လုပ်ကြတာ များတယ်။ ဆယ်တန်း မပြီးခင် ကတည်းက ဆယ်တန်းအောင်ပြီးရင် ဘာလုပ်မလဲ ဆိုတာတွေ ပေါ့နော်။ မော်ဒယ် လုပ်မယ်။  သရုပ်ဆောင် လုပ်မယ်။ ဒါတွေပဲ လူငယ်တွေက  ဖြစ်ကုန် ကြပြီလေ။ မင်းသား လုပ်ချင်တဲ့  သူတွေက အများကြီးပဲ။ ဒါပေမဲ့ တကယ်တမ်း လုပ်မယ့်သူတွေ အတွက် ကိုယ့်အတွက် အခွင့်အရေးပေး လာမယ့် သူတွေလည်းရှိ သလို၊ ရှေ့ဆက် တိုးဖို့ အားအင် မရှိတော့တဲ့ သူတွေ လည်းရှိတယ်။ ကျွန်တော်တို့ရဲ့ အပြင်ပိုင်းကို ကြည့်ရင်တော့ မင်းသားလောက က အေးဆေးပဲ ပေါ့နော်။ လူအများရှေ့သွား ရင်လည်း တင့်တယ်တယ် ပေါ့နော်။

 တကယ်တမ်း ၀င်ပြီး နောက်ဆုတ် သွားတဲ့ သူတွေ အများကြီးပဲ။ ကိုယ့် အတွက်လည်း ခဲယဉ်းသလို၊ လူတွေကြား မှာလည်း မရှက်မကြောက် လုပ်ရတာတွေက စိတ်ပင်ပန်းမှုတွေ ရှိတယ်။ အမျိုးမျိုး ပေါ့နော်။ ကျွန်တော်တို့ အလုပ်ဟာ စိတ်နဲ့ လုပ်ရတဲ့ အတွက် ဒဏ်မခံနိုင်တော့လို့၊ မလုပ်တော့တဲ့ သူတွေ အများကြီးပဲ။ ဒီလိုပဲ ကြံ့ကြံ့ခံပြီး  ဆက်လုပ်တဲ့ သူတွေလည်း ရှိပါတယ်။  အနုပညာ လောက မှာတော့ ကံရယ်၊ စန်းရယ် ပါလာတဲ့ သူကတော့ ပရိသတ် အားပေးမှုက ကျန်ခဲ့ကြတာပဲ။ မင်းသား မလုပ်ချင်ကြ လို့တော့ မဟုတ်ပါဘူး။ ရှားသွားတာ မဟုတ်ပါဘူး။ လုပ်ချင်တဲ့သူက အများကြီးပဲ၊ ကံကြောင့်၊ စန်းကြောင့်လည်း ပါမယ် ထင်တယ်။ အဲဒါတွေ မစုံလို့ နောက်ဆုတ် သွားကြတာပဲရှိ ပါတယ်။ မင်းသားပဲ ဦးဆောင်တာ၊ မင်းသားချည်းပဲ ရှိတဲ့ ဇာတ်ကိုပဲ ရိုက်ကြတာ မဟုတ်ပါဘူး။ မင်းသမီး ဇာတ်ကို ရိုက်သလို၊ မင်းသမီး ဇာတ်ကိုလည်း မျှအောင် ရိုက်ကြပါတယ် ဟု ကောင်းပြည့်က ပြောသည်။ ကောင်းပြည့်သည် လတ်တလောတွင် ဘ၀ခြားနေတဲ့ ရွှေမင်းသမီး ဆိုသည့် ဗီဒီယို ဇာတ်ကားကို သရုပ်ဆောင် ခင်ဝင့်ဝါနှင့် အတူ ရိုက်ကူးနေကြောင်း ပြောသည်။

Credit : The Messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top