iMyanmarHouse.com - Best Property Website for Myanmar
×










သင့်ချစ်သူကောင်မလေးကို လက်ထပ်ဖို့အထိ စိတ်ကူးထားပါသလား၊ သူနဲ့ပဲ ဘ၀တစ်သက်တာလုံး အတူဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်ထားပါသလား။ ဒါဆို သူမဘက်ကရော ဘယ်လိုအခြေအနေရှိသလဲ၊ ကိုယ့်လိုပဲလားဆိုတာ သင်သိချင်မိနေမှာပေါ့။ သူမ သင့်ကို လက်ထပ်ဖို့အထိ စဉ်းစားထားတယ်၊ စဉ်းစားမထားဘူးဆိုတာ သင်သိနိုင်ဖို့အတွက် ဒီအချက်ကလေးတွေကို ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။ ခုပြောပြမယ့်အချက်ကလေးတွေကတော့ သူမ သင့်အပေါ် လက်ထပ်ဖို့အထိ တွေးမထားဘူးဆိုတာ ပေါ်လွင်စေတဲ့အချက်လေးတွေပါ။

၁။သူမကို အနာဂတ်မှာ ဘာတွေလုပ်မယ် ဆိုတဲ့အကြောင်းပြောတိုင်း ခေါင်းညိတ်ပြရုံကလွဲပြီး ဘာမှဝင်ဆွေးနွေးလေ့မရှိဘူး။

ကိုယ်က အားတက်သရော ကိုယ်တို့နှစ်ယောက် လက်ထပ်ပြီးရင် ဘယ်လိုဆိုပြီး ပြောဆိုတိုင်း သူမက ဘာမှဝင်မပြောပဲနေလေ့ရှိမယ်။ မကောင်းတတ်လို့ ပြုံးရုံသာပြုံြးုပတာမျိုးဆိုရင်တော့ ဒါစဉ်းစားစရာပါ။

၂။သူမရဲ့ သူငယ်ချင်းတွေကလည်း သင့်ကို ဒီလောက်ထိ အရောဝင်တာမျိုးမရှိဘူး။

သူမရဲ့ အခင်ဆုံးသူငယ်ချင်းတွေကလည်း သင့်ကိုဆိုရင် အရောဝင်တာမျိုး သိပ်မရှိဘူး။ မေးထူးခေါ်ပြောလောက်ကလွဲရင် သူတို့အလေးပေးဆက်ဆံရမယ့်သူတွေ စာရင်းထဲ ထည့်မထားတဲ့အတိုင်း ဆက်ဆံမယ် ဆိုရင်ပေါ့။

၃။နှစ်ဦးသား ကတောက်ကဆဖြစ်တိုင်း  ပြတ်မယ်ချည်း ပြောတတ်တယ်။

အတွဲတိုင်းဟာ စကားများတာ၊ ရန်ဖြစ်တာမျိုးတွေတော့ ကြုံတတ်ကြတာချည်းပါပဲ။ နှစ်ဦးသား ပြသနာတက်ပြီဆိုရင် ညှိုနှိုင်းဖို့ ဘယ်တော့မှမတွေးပဲ သူ့ဘက်ကချည်း ပြတ်မယ်၊ ဒါနောက်ဆုံးပဲဆိုတာ ပြောတတ်တယ်ဆိုရင် ဒါကလည်း ကိုယ့်ကိုရေရှည်လက်တွဲမယ်လို့ သူတွေးမထားလို့ဆိုတာ သေချာပါတယ်။

၎။မင်္ဂလာဆောင်အခမ်းအနားတွေဆိုရင်လည်း အကြောင်းအမျိုးမျိုးပြပြီး အတူသွားဖို့ ငြင်းဆိုတတ်တယ်။

သူငယ်ချင်း မင်္ဂလာဆောင်ပဲဖြစ်ဖြစ်၊ ကိုယ့်အသိမိတ်ဆွေ မင်္ဂလာဆောင်ပဲဖြစ်ဖြစ် အတူပွဲတက်ဖို့ အကြောင်းပြငြင်းဆန်တတ်တယ်။ မကောင်းတတ်လို့ သွားရရင်လည်း မျက်နှာပြပြီး ချက်ချင်းပြန်လာတာမျိုးတွေ လုပ်တတ်တယ်။

၅။ကိုယ့်ရှေ့မှာရော၊ နောက်ကွယ်မှာပါ တစ်ခြားကောင်လေးတွေနဲ့ အီစီကလီ လုပ်တတ်တယ်။

သင်ရှိနေတာတောင် သူ့အတွက် မလိုအပ်သေးဘူးလို့ ခံစားနေရတာကြောင့် ခုလို နောက်တစ်ယောက်နဲ့ ဇာတ်လမ်းတွေစဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ သင့်အပေါ် သိပ်အလေးမထားတာများလား ဆိုတာလည်း တွေးစရာဖြစ်လာပါတယ်။

၆။သင့်မိသားစုနဲ့ ဆုံဖို့ကိစ္စတွေရှိလာရင် အကြောင်းအမျိုးမျိုးပြပြီး ဆင်ခြေပေးငြင်းဆိုတတ်တယ်။

သင့်မိသားစုနဲ့အတူ ဒင်နာစားဖို့ သူမကို ပြောလိုက်ရင် မအားတဲ့အကြောင်းပြချက်နဲ့ ငြင်းလေ့ရှိတယ်။ ဒါမှမဟုတ် အိမ်ကို အလည်လိုက်ခဲ့ဖို့ ခေါ်ရင်လည်း ဒီအတိုင်းပဲ။

၇။စေ့စပ်လက်စွပ်ကို ဘယ်တော့မှ လက်မှာမစွပ်ဘူး၊ သိမ်းထားတယ်လို့ပြောရင်ပြော မပြောရင် လည်ပင်းမှာ ဆွဲထားတယ်။

လက်သူကြွယ်မှာ စွပ်ရတဲ့ စေ့စပ်လက်စွပ်ကို သူ့လက်သူကြွယ်မှာ ဘယ်တော့မှ မတွေ့ရဘူး။ သေသေချာချာလေး သိမ်းထားချင်လို့ဆိုပြီး အကြောင်းပြတယ်။ ဒါမှမဟုတ်လည်း ဆွဲကြိုးမှာ လော့ကတ်သဖွယ် ဆွဲထားတတ်တယ်။

Credit : TRend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top