iMyanmarHouse.com - Best Property Website for Myanmar
×











မျက်ရည်ခမ်းခြောက်ခြင်းဟာ မျက်စိချောမွေ့စေဖို့နဲ့ မျက်လုံးအတွက် လိုအပ်တဲ့ အာဟာရဖြည့်ပေးဖို့ မျက်ရည်အလုံအလောက်မရှိတဲ့ ရောဂါလက္ခဏာတစ်ခုဖြစ်ပါတယ်။ မျက်ရည်ဟာ မျက်လုံးရဲ့အရှေ့ဘက်ခြမ်း မျက်နှာပြင်ကျန်းမာဖို့နဲ့ အမြင်အာရုံ ကြည်လင်မှုပေးနိုင်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ မျက်ရည်ခမ်းခြောက်သူတွေမှာ မျက်ရည်အလုံအလောက် ထုတ်ပေးခြင်းမရှိသလို မျက်စိ အမြင်မကြည်လင်မှုတွေဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ မျက်ရည်ခမ်းခြောက်ခြင်း အဖြစ်များပြီး နာတာရှည်ရောဂါတွေ မကြာခဏ ဆိုသလိုဖြစ်တတ်ပါတယ်။

မျက်ခွံလွှာအနားသတ် တစ်ခုချင်းစီကြောင့် မျက်လုံးတစ်ခုလုံး မျက်ရည်တွေ အနှံ့အပြား ပြန့်ကျဲသွားပါတယ်။ မျက်ရည်ဟာ မျက်လုံးချောမွေ့မှုရှိအောင် ကူညီလုပ်ဆောင်ပေးပြီး မျက်စိရောဂါကူးစက်မှု အန္တရာယ်ကို လျော့နည်းစေသလို အပြင်က ဝင်ရောက်လာတဲ့ပြသာနာ(အမှိုက်သရိုက်)များကို ရှင်းထုတ်ပေးတဲ့အပြင် မျက်စိချောမွေ့စေဖို့ အမြင်ရှင်းလင်းပြတ်သားလာအောင် ထိန်းသိမ်းလုပ်ဆောင်ပေးပါတယ်။ မျက်လုံးထဲက ထွက်လာလေ့ရှိတဲ့ အလွန်အကျွံ မျက်ရည်တွေဟာ မျက်ခွံလွှာအစပ်ပြွန်ငယ်လေးမှတဆင့် စီးထွက်သွားပါတယ်။

မျက်ရည်ခမ်းခြောက်ခြင်းဟာ မျက်ရည်ထုတ်လုပ်မှုနဲ့ စီးထွက်သွားတဲ့ပမာဏ မညီမျှခြင်းကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

Credit : trend Myanmar

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top